«သတ္တမ/ဇာတ်သိမ်း» အခန်း ၁၂၄: အစ်ကို့ရဲ့ချစ်သူ

2.2K 478 50
                                    

{Unicode}

«သတ္တမ/ဇာတ်သိမ်း»

အခန်း ၁၂၄: အစ်ကို့ရဲ့ချစ်သူ

ဝမ်ယွီ လီရှန့်ကျူရဲ့အိမ်ကိုရောက်လာတဲ့အချိန်မှာ အိမ်ကဟာလာဟင်းလင်းဖြစ်လို့နေတယ်။ နင်နင်ရဲ့အရိပ်အယောင်ကို ဘယ်ဆီမှာမှမတွေ့ရချေ။

အိမ်ရှင်ကသူ့ကိုတံခါးဖွင့်ပေးပြီး ပြောလာခဲ့တယ်။ "ပြောသားပဲ သူထွက်သွားပါပြီဆို"

"ဘယ်သူနဲ့ထွက်သွားတာလဲ?" ဝမ်ယွီမေးလိုက်တယ်။

"အဲ့မှာ" အိမ်ရှင်ကကြမ်းပြင်ပေါ်မှာကျနေတဲ့ ဓာတ်ပုံဘောင်ကိုလက်ညှိုးထိုးပြီး ပြောလာခဲ့တယ်။ "အဲ့ကောင်လေးနဲ့"

ဓာတ်ပုံဘောင်ထဲမှာလူသုံးယောက်ရှိနေတယ်။ ဝမ်ယွီဓာတ်ပုံဘောင်ကိုကောက်ယူပြီး မေးလိုက်တယ်။ "သူ့နာမည်ကဘာလဲ? လီရှန့်ကျူနဲ့ဘယ်လိုပတ်သက်တာလဲ?"

"မသိဘူးလေ" အိမ်ရှင်ကခေါင်းခါပြလာတယ်။ "ဒီတိုက်ခန်းကိုက လီရှန့်ကျူငှားထားတာ နှစ်ဝက်လောက်ရှိပြီထင်တယ်၊ သူဒီမှာသိပ်မနေဘူး၊ ဒါပေမဲ့..."

"ဒါပေမဲ့ဘာဖြစ်လဲ?" ဝမ်ယွီမေးလိုက်တယ်။

"သူဒီအိမ်ကိုလာတိုင်း အမှိုက်အိတ်ကြီးနှစ်အိတ် ပြန်သယ်သယ်ဆင်းသွားတယ်" အိမ်ရှင်ကဓာတ်ပုံဘောင်ကိုလှမ်းကြည့်လာတယ်။ "အဲ့ဒါနဲ့သူ့ကိုမေးဖူးတယ် 'မင်းဒီမှာလည်းမနေဘဲနဲ့ အမှိုက်တွေဒီလောက်အများကြီး ဘယ်ကနေရတာလဲ?' လို့၊ သူဘာမှပြန်မဖြေဘဲ ပြုံးပဲပြုံးနေတာ၊ ဒါပေမဲ့ငါသိလိုက်တယ်... သူတစ်ယောက်ယောက်ကို ဒီအိမ်မှာထားထားတယ်ဆိုတာ"

တစ်ချိန်တည်းမှာပဲ အဝတ်အစားဆိုင်တစ်ခုရဲ့ တံခါးပွင့်ဟလာပြီး နင်နင်လျှောက်ထွက်လာခဲ့တယ်။

"ကျေးဇူးပဲ" ဓာတ်ပုံဘောင်ထဲကလူက နင်နင်ဝယ်ပေးတဲ့ဦးထုပ်ကို‌ဆောင်းပြီး ပြုံးပြလာတယ်။ "ဒီလိုဆိုရင် ဘယ်သူမှမှတ်မိတော့မှာမဟုတ်ဘူး"

"ရှန့်ရွှေ" နင်နင်သူ့ကိုမေးလိုက်တယ်။ "ဘာဖြစ်လို့သေချင်ယောင်ဆောင်ရတာလဲ?"

လီရှန့်ရွှေကအချိန်တစ်ခုလောက်ထိ တိတ်ကျသွားပြီးတော့မှ အထီးကျန်တဲ့အပြုံးတစ်ခုကို လှစ်ဟလာတယ်။ "အခြားဘာဖြစ်ရဦးမှာလဲ? အကြွေးရှောင်ပြေးဖို့ပေါ့"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now