အခန်း ၁၆၁: ကိုယ့်ကိုရွေး

1.7K 366 31
                                    

{Unicode}

အခန်း ၁၆၁: ကိုယ့်ကိုရွေး

သူ့အပေါ်ထားတဲ့ ငါရဲ့ခံစားချက်တွေက တကယ်ပဲဘာလဲ?

နင်နင်သူ့ကိုငေးကြည့်နေမိတယ်။ သူမသူ့ကို လုံးဝဂရုမစိုက်ဘူးဆိုတာကတော့ မဖြစ်နိုင်ပေမဲ့ ဒါရိုက်တာချန်ပြောသလို ရူးမတတ်ချစ်ဖို့ဆိုတာကလည်း... လူအများကြီး လုပ်နိုင်တဲ့အရာမဟုတ်ပေ။

ဘာဖြစ်လို့လဲဆိုတော့ ဒါရိုက်တာချန်ရဲ့အချစ်က အရာအားလုံးကို လောင်ကျွမ်းစေခဲ့ပြီး အရာအားလုံးကို စတေးခံခဲ့တယ်။ အဆုံးမှာသူက သူ့ကိုယ်သူတောင် စတေးတော့မှာဖြစ်တယ်။

"ရယ်ဒီ"

နင်နင်ရုတ်တရက် အသိစိတ်ပြန်ကပ်လာခဲ့တယ်။ ရိုက်ကွင်းထဲကလူတိုင်း သူမကိုကြည့်နေကြတာကို သတိထားမိလိုက်တယ်။

"ရယ်ဒီ" ဒါရိုက်တာချန်က ဝှီးလ်ချဲပေါ်မှာထိုင်ရင်း သူမကို အေးစက်စက်ပြောလာခဲ့တယ်။
"<ပြဇာတ်ရုံတစ္ဆေ>၊ ဇာတ်ဝင်ခန်း ၁၅– ကောင်းကင်ဘုံကိုမြင်တွေ့ရခြင်း– အက်ရှင်"

ဇာတ်လိုက် လုယွင်ဟယ်နေရာမှာ သရုပ်ဆောင်တဲ့လူက ဒါရိုက်တာချန်ရဲ့သားဖြစ်သူ၊ ချန်ရွှမ်းဟယ်ပဲဖြစ်တယ်။

လုယွင်ဟယ်ဇာတ်ကောင်အတွက် သူကကိုယ်အလေးချိန် ၅ကီလိုတောင် လျှော့ချထားခဲ့တယ်။ သူကခပ်ဖျောဖျောအရောင်တီရှပ်ကို ဝတ်ဆင်ထားတာကြောင့် ပိုပြီးတော့တောင် ပိန်ပုံပေါ်နေပြီး သနားဖို့ကောင်းလို့နေတယ်။ ဆောင်းဦးလေပြည်တွေကြားထဲမှာ သူတံမြက်စည်းကိုကိုင်ရင်း ပြဇာတ်ရုံကို သန့်ရှင်းရေးလုပ်လို့နေတယ်။ ရုတ်တရက်သူက အားကျမှုတွေ တောင့်တမှုတွေ ပြည့်နှက်နေတဲ့အကြည့်နဲ့ စင်မြင့်ရှိရာကို လှည့်ကြည့်လို့လာတယ်။

သူဘေးပတ်ပတ်လည်ကို တစ်ချက်ဝေ့ကြည့်ပြီးနောက်မှာ ရုတ်တရက်ပျော်ရွှင်စွာပြုံးပြီး စင်ပေါ်ကိုတက်သွားလိုက်တယ်။ သူလက်နှစ်ဖက်ကိုပုတ်ပြီးနောက်မှာ သူ့မှတ်ဉာဏ်ထဲက ပြဇာတ်သရုပ်ဆောင်တွေရဲ့ အပြုအမူအတိုင်း လက်နှစ်ဖက်ကို အနောက်ပစ်ကာ သီချင်းစဆိုလာတယ်။ "နှစ်ပေါင်းများစွာကျော်လွန်သွားခဲ့တဲ့ မြစ်ရေတွေတစ်လျှောက် မင်းစောင့်မျှော်နေခဲ့တဲ့အဖော်မွန်က ကိုယ်ပါပဲ"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now