အခန်း ၁၀၄: ခန့်မှန်းချက်

2K 450 37
                                    

{Unicode}

အခန်း ၁၀၄: ခန့်မှန်းချက်

"ယွိရန် နင်ဘာပြောနေတာလဲ...? ငါကဘယ်လိုလုပ်ပြီး နင်နင်ကိုအဲ့လိုမျိုးလုပ်ရက်မှာလဲ?" ရွှီရုန်ရဲ့နဖူးကနေ ချွေးတွေစီးကျလာခဲ့တယ်။ သူမကနင်ယွိရန်ကို အတင်းလုပ်ယူပြုံးပြလာတယ်။ "နင်အလုပ်များလို့ လျှောက်မက်နေတာဖြစ်မှာပါ၊ အိပ်မက်လေးပဲကို..."

"အိပ်မက်လေးပဲလား?" နင်ယွိရန်ရေရွတ်လိုက်တယ်။ သူမလက်ကိုင်အိတ်ထဲကနေ အကြည်ရောင်ဇစ်အိတ်ကို ထုတ်လိုက်တယ်။ အိတ်ထဲမှာရှိနေတာက ဆေးလုံးအချို့ဖြစ်တယ်။

"နင်ဒါတွေကိုမှတ်မိလား?" နင်ယွိရန်မေးလာတယ်။ "နင်သူ့ကိုတိုက်ခဲ့တဲ့ဆေးတွေလေ၊ အဲ့ဒါတွေကိုဓာတ်ခွဲစစ်ဆေးဖို့ ငါတစ်ယောက်ယောက်ကိုပြောထားတာ၊ ဖြစ်ချင်တော့ အဲ့ထဲကတစ်ဝက်က အိပ်ဆေးတွေတဲ့"

ရွှီရုန်ရဲ့နဖူးက ချွေးတွေနဲ့ပြည့်လို့နေတယ်။ သူမ,ငြင်းဆိုချင်ပေမဲ့ နင်ယွိရန်ကဆက်ပြောလာတယ်။ "ဩဂုတ်လ၅ရက်နေ့၊ ချန်နန်ဆေးဆိုင်၊ လီချင်– နင်အဲ့ဒီဆေးတွေဝယ်ခဲ့တဲ့အချိန်၊ ဆေးဆိုင်၊ နင့်ကိုရောင်းခဲ့တဲ့လူ၊ ငါအားလုံးသိထားပြီးပြီ"

ရွှီရုန်ရဲ့ခြေလက်တွေအေးစက်လာခဲ့တယ်။ သူမထိုနေ့ကအလျင်လိုနေတာကြောင့် ဆေးဆိုင်ဝန်ထမ်းရဲ့နာမည်ကတ်ပြားကို မကြည့်ခဲ့ရသလို သူ့နာမည်ကီုလည်းမမှတ်မိပေမဲ့ သူမဝယ်ခဲ့တဲ့ဆေးဆိုင်နဲ့ နေ့ရက်ကိုတော့ သေချာမှတ်မိနေသေးတယ်– ဩဂုတ်လ၅ရက်နေ၊ ချန်နန်ဆေးဆိုင်။

"အဲ့ဒါ... ငါ့အတွက်ငါဝယ်ခဲ့တာ" ရွှီရုန်ကခက်ခက်ခဲခဲရှင်းပြလာတယ်။ "ငါအခုတလော တော်ရုံအိပ်မပျော်ဘဲ ခဏခဏမူးနေတတ်လို့၊ အဲ့ဒါကြောင့်... အဲ့ဒါကြောင့်မလို့ ငါနင်နင်ကို ဆေးမှားပေးခဲ့မိတာဖြစ်နိုင်တယ်"

"ဆေးတစ်ခေါက်မှားပေးမိပြီး နောက်တစ်ခေါက်၊ နှစ်ခေါက်၊ သုံးခေါက်ထိတောင် မှားပေးခဲ့မိတာလား?" နင်ယွိရန်ကပြုံးရင်းနဲ့ပြောလာတယ်။

ရွှီရုန်တိတ်ကျသွားတယ်။ ရုတ်တရက် သူမရဲ့တစ်ကိုယ်လုံး တုန်ယင်လာခဲ့တယ်။ မသိရင်ကိုယ်လုံးတီးအချွတ်ခံရပြီး နှင်းတွေထဲအပစ်ခံလိုက်ရသလိုပင်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now