အခန်း ၆၂: အတိတ်မေ့ရောဂါ

2.3K 523 31
                                    

{Unicode}

အခန်း ၆၂: အတိတ်မေ့ရောဂါ

"အား!!" နင်နင်။

"အား!!" တစ်ဖက်လူ။

နင်နင်အော်တာကကြောက်လို့ဖြစ်တယ်။

တစ်ဖက်လူအော်တာက အိပ်ရာပေါ်ကနေကန်ချခံရလို့ဖြစ်တယ်။

"ယွင်လင် နင်ဘာဖြစ်နေတာလဲ?!" တစ်ဖက်လူကသူမကိုအော်ပြောလာတယ်။ ဒီအသံကနည်းနည်းရင်းနှီးနေသလိုပဲ...

နင်နင်မီးအိမ်ခလုတ်နှိပ်လိုက်တယ်။ တစ်ဖက်လူရဲ့မျက်နှာကိုတွေ့ပြီးတဲ့နောက်မှာ နင်နင်လည်းသံကုန်အော်ဟစ်လိုက်တယ်။ "လီဖင်းဖင်း နင်ဘာဖြစ်နေတာလဲ?!"

ကြမ်းပြင်ပေါ်ကနေထလာတဲ့လူက အခြားဘယ်သူမှမဟုတ်ဘဲ သူမရဲ့အခန်းဖော်၊ လီဖင်းဖင်းပဲဖြစ်တယ်!

သူမကဆံပင်သွားကောက်လာရုံတင်မကဘူး ယန့်ချင်လိုမျိုးပန်းပွင့်ရိုက်ဂါဝန်ပါဝတ်ဆင်ထားသေးတယ်။ ဖေရွှမ်ရဲ့အိမ်မှာချိတ်ထားတဲ့ ဓာတ်ပုံထဲကနဲ့တစ်ပုံစံထဲပဲ!

"...နင်ဘာဖြစ်လို့ယန့်ချင်လိုပြင်ထားတာလဲ?" နင်နင်သူမကိုဒေါသတကြီးကြည့်လိုက်တယ်။ "ငါ့ကိုလန့်သေအောင်ခြောက်မလို့လား?"

လီဖင်းဖင်းကအချိန်အကြာကြီးငိုထားတဲ့ပုံပေါ်တယ်။ သူမရဲ့အိုင်းလိုင်နာက မျက်ရည်စီးကြောင်းနှစ်ခုအဖြစ်ပေပွလို့နေတယ်။ သူမကနင်နင်ကိုအေးစက်စွာကြည့်လာတယ်။

"သူယန့်ချင်ကိုကြိုက်တာတော့ ငါစောဒကတက်စရာမရှိပါဘူး၊ ယန့်ချင်ကလှတယ်လေ၊ ဘယ်ယောက်ျားမဆို သူ့ကိုသဘောကျနိုင်တာပဲ၊ ဒါပေမဲ့နင်ကဘာမလို့လဲ?" သူမကရုတ်တရက်ပြောလာတယ်။ "သူသာမန်မိန်းကလေးမျိုးလိုချင်တာဆိုရင် ဘာဖြစ်လို့အဲ့ဒါကငါမဟုတ်ဘဲနဲ့ နင်ဖြစ်နေရတာလဲ?"

နင်နင်ခဏတာအံ့အားသင့်သွားပြီးမှ သူမကိုမေးလိုက်တယ်။ "နင်ဖေရွှမ်နဲ့သွားတွေ့လာတာလား?"

ဘာတွေဖြစ်သွားခဲ့လဲဆိုတာကို နင်နင်စဉ်းစားကြည့်လို့ရတယ်။ "မနက်တုန်းက ငါပြန်လာမယ့်အချိန်ကိုမေးတာ မဆန်းတော့ပါဘူး၊ ငါပြန်လာပြီးတော့ နင်သူ့ကိုသွားရှာခဲ့တာလား?"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now