အခန်း ၃၇: နွားနို့၊ ဖက်ထုပ်၊ နံနံပင်

3.3K 586 85
                                    

{Unicode}

အခန်း ၃၇: နွားနို့၊ ဖက်ထုပ်၊ နံနံပင်

သုံးရက်ကြာပြီးနောက်...

ဗီဒီယိုတိပ်ခွေတစ်ခုက အောက်စက်ထဲကိုအထည့်ခံလိုက်ရတယ်။

နင်နင်ထိုင်ခုံဆီကိုပြန်သွားပြီးထိုင်ချကာ သူမဘေးကရီမုတ်ကိုမြှောက်ပြီးနှိပ်လိုက်တယ်။

ဖန်သားပြင်ပေါ်မှာနင်ယွိရန်ပေါ်ထွက်လာတယ်။ အဲ့ဒါကကင်ဆာရောဂါမခံစားရသေးတဲ့ နုပျိုတဲ့နင်ယွိရန်ဖြစ်တယ်။ သူမကသူမရဲ့နာမည်'ယွိရန်'ဆိုသလိုပဲ ကြည်လင်တဲ့အသားအရည်၊ တောက်ပတဲ့မျက်ဝန်းတွေကိုပိုင်ဆိုင်ထားတယ်။

"ဒီတစ်ခေါက်ကငါပထမဆုံးကူးပြောင်းဖူးတာပဲ" သူမကကင်မရာကိုကြည့်ရင်းပြောလာတယ်။

"ငါဟိုးရှေးရှေးတုန်းကအချိန်ကိုကူးပြောင်းသွားပြီး အချစ်မခံရတဲ့ကိုယ်လုပ်တော်တစ်ယောက်ဖြစ်လာတယ်၊ မောင်းမဆောင်ထဲမှာကိုယ်လုပ်တော်ချည်းတင် အယောက်သုံးထောင်ကျော်ရှိတယ်၊ သူတို့အကုန်လုံးက ယောက်ျားတစ်ယောက်တည်းအတွက်ပြိုင်ဆိုင်နေကြတယ်"

သူမကဒီတိုင်းပြောနေတာမဟုတ်ဘဲ သရုပ်ပါဆောင်လို့နေတယ်။

နင်နင်တုတ်တုတ်မလှုပ်ဘဲရီမုတ်ကိုကိုင်ကာ နင်ယွိရန်ကိုစိုက်ကြည့်နေမိတယ်။

သူမရဲ့နှလုံးသားထဲမှာသံသယတွေအများကြီးရှိနေတယ်။ ရုပ်ရှင်ရုံထဲကဝန်ထမ်းတွေက ဘာတွေဖြစ်နေတာလဲ? သူတို့မျက်နှာပေါ်ကမျက်နှာဖုံးတွေက မေမေ့အခန်းထဲကမျက်နှာဖုံးတွေနဲ့ ဆက်စပ်မှုရှိလား?

ဘာဖြစ်လို့အတိတ်ကိုနှစ်ကြိမ်ပဲပြောင်းလဲလို့ရတာလဲ? သုံးကြိမ်ပြောင်းလဲမိရင်ဘာဖြစ်လာမလဲ?

မေမေကဆုံးသွားပြီဖြစ်တာကြောင့် သူမရဲ့မေးခွန်းတွေကိုပြန်မဖြေနိုင်တော့ပါချေ။ အဲ့ဒါကြောင့် နင်နင်သူမရဲ့မှတ်တမ်းတွေကိုကြည့်ပြီးတော့ပဲ အဖြေရှာနိုင်တော့တယ်။

နင်ယွိရန်ကသရုပ်ဆောင်တစ်ယောက်ဖြစ်တယ်။ သူမကကူးပြောင်းသွားခဲ့တဲ့အတွေ့အကြုံတိုင်းကို မှတ်တမ်းတင်ထားခဲ့ပေမဲ့ စာအုပ်တစ်အုပ်ထဲချမရေးခဲ့ပါချေ၊ အဲ့ဒီအစားဗီဒီယိုတွေအဖြစ်ရိုက်ကူးထားခဲ့တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now