အခန်း ၁၂၂: တစ်ကိုယ်တော်တင်ဆက်မှု

1.9K 456 30
                                    

{Unicode}

အခန်း ၁၂၂: တစ်ကိုယ်တော်တင်ဆက်မှု

"နင့်ရဲ့အစ်ကို... ရှီကျုံးထန်"

ရုံးခန်းကတိတ်ကျသွားတယ်။ အခန်းထဲမှာရှိနေတဲ့လူနှစ်ယောက်ထဲက တစ်ယောက်က သူမအဲ့ဒီနာမည်ကို ထုတ်ပြောလာလိမ့်မယ်လို့ မမျှော်လင့်ထားသလို အခြားတစ်ယောက်က သူမအဲ့ဒီနာမည်ကို ထုတ်ပြောလိုက်နိုင်မယ်လို့ မမျှော်လင့်ထားခဲ့ချေ။

ဝမ်ယွီရဲ့ရင်ဘတ်ထဲမှာဒေါသတွေလိမ့်တက်လာပေမဲ့ သူမြန်မြန်ပဲပြန်ထိန်းချုပ်လိုက်တယ်။ ဝမ်ယွီခံစားချက်မဲ့တဲ့လေသံနဲ့ပြောလာခဲ့တယ်။ "ငါ့အစ်ကိုဆုံးသွားတာကြာပြီ၊ အဲ့တုန်းကမင်းအသက် ဘယ်လောက်မလို့လဲ?"

သူ့ကိုသိသလိုမျိုးလာဟန်ဆောင်မနေနဲ့။

နင်နင်ကတော့စိတ်လွတ်နေသလို ထင်နေရဆဲပဲဖြစ်တယ်။ သူမဘေးပတ်ပတ်လည်ကိုဝေ့ဝဲကြည့်ပြီး သူမလက်ထဲကအဆက်မပြတ်မြည်နေတဲ့ဖုန်းကို ငုံ့ကြည့်လိုက်တယ်။ သူမရဲ့အမူအရာက အရမ်းထူးဆန်းလို့နေတယ်။ ခဏလောက်နေမှ သူမ‌ကိုယ်သူမ တိုးညင်းစွာရေရွတ်လာတယ်။ "ငါဘာဖြစ်လို့ဒီမှာရှိနေသေးတာလဲ?"

ဝမ်ယွီကြောင်သွားတယ်။

"ဘာဖြစ်လို့အစကိုပြန်မ‌ရောက်သွားတာလဲ?" နင်နင်တွေးလိုက်တယ်။ သူမရဲ့အကြည့်က ဝမ်ယွီရဲ့မျက်နှာပေါ်ကို စိုက်ကျလို့သွားလိုက်တယ်။ "အာ သိပြီ၊ နင်ငါ့ကိုသနားနေတာလား? ငါ့ကိုရူးသွားပြီလို့ ထင်နေတာလား?"

ဝမ်ယွီသူမကိုရူးနေပြီလို့ တကယ်ကြီးထင်နေတာဖြစ်တယ်။

ပင်ပန်းနွမ်းနယ်တာ၊ စိတ်အငြိမ်မနေနိုင်တာ၊ တွေဝေမိန်းမောနေတာ၊ စိတ်လှုပ်ရှားနေတာ၊ သူမကိုယ်သူမစကားပြောနေတာ၊ သူမကိုယ်သူမသေချာမဖော်ပြနိုင်တာ; သူတို့နှစ်ယောက်မတွေ့ရတာ တစ်ရက်ပဲရှိသေးတာ၊ သူမရဲ့စိတ်အခြေအနေက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိဆိုးရွားလာတာလဲ?

တစ်ဖက်မှာနင်နင်ကတော့ စိတ်လှုပ်ရှားလာတယ်။ ဂန္ဓမာလက်ဖက်ရည်တစ်ခွက်တည်းကို သုံးရာခြောက်ဆယ့်နှစ်ခါသောက်အပြီးမှာ၊ တစ်ထပ်တည်းကျတဲ့စကားဝိုင်းကို သုံးရာခြောက်ဆယ့်နှစ်ခါပြောအပြီးမှာ၊ ကွဲလွဲမှုနည်းနည်းလေးကတောင် သူမကိုစိတ်လှုပ်ရှားလာစေတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now