အခန်း ၆၈: နတ်ဖတ်တဲ့စုံတွဲ

2.3K 503 37
                                    

အခန်း ၆၈: နတ်ဖတ်တဲ့စုံတွဲ

"ရှင်ပြန်ရောက်ပြီပဲ" လီဖင်းဖင်းရုတ်တရက်ပြုံးလိုက်တယ်။ "နေ့လည်စာပြင်ထားတယ်၊ မြန်မြန်ဝင်ခဲ့"

"မင်းဘယ်သူလဲ?" ဖေရွှမ်ကသူမကို တစ်ခါမှမတွေ့ဖူးမမြင်ဖူးသလိုမျိုး သတိနဲ့ပြောလာတယ်။ "မင်းဘာလို့ငါ့အိမ်ထဲရှိနေတာလဲ? ယွင်လင်ဘယ်မှာလဲ?"

လီဖင်းဖင်းကသူ့ကိုတစ်ချက်ကြည့်ကာ အိမ်ထဲပြန်လှည့်ဝင်သွားတယ်။

သူမကကျန်တဲ့လူတွေကို တံခါးဝမှာပဲချန်သွားခဲ့တယ်။ အိမ်နီးနားချင်းနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ "ရဲခေါ်လိုက်ရမလား?"

"အခုတော့မခေါ်နဲ့ဦး" ဖေရွှမ်ပြောလာတယ်။ "သူ့ကိုဖိအားပေးလို့မရသေးဘူး၊ ကျွန်တော်သူနဲ့စကားပြောကြည့်ပြီး ယွင်လင်ရဲ့အခြေအနေကိုအတည်ပြုလိုက်ဦးမယ်"

ပွဲကြည့်သူတွေအတွက်တော့ အခုအချိန်မှာသူကရဲရင့်ပြီး သစ္စာစောင့်သိတဲ့ခင်ပွန်းပဲဖြစ်တယ်။ ဒေါ်လေးလီ ရင်ထဲထိသွားကာပြောလာတယ်။ "ဒါဆိုသေချာသတိထားနော်၊ အဒေါ်တို့လူတွေစုထားမယ်၊ တစ်ခုခုဖြစ်ရင်အော်သာအော်လိုက်"

"ကျေးဇူးပါ" ဖေရွှမ်အသက်ပြင်းပြင်းရှူကာ အိမ်ထဲဝင်လာခဲ့တယ်။

လှီး၊ လှီး၊ လှီး၊ လှီး၊ လှီး၊ လှီး၊ လှီး...

သူမီးဖိုခန်းနားနီးလာတာနဲ့အမျှ ဓားလှီးနေတဲ့အသံက ပိုပိုပြီးကျယ်လာခဲ့တယ်။

သူလက်ဆန့်ထုတ်ကာ ဧည့်ခန်းထဲကဂေါက်တံကိုဆုပ်ကိုင်လိုက်တယ်။ ပြီးတော့မီးဖိုခန်းထဲဝင်ကာ အပြုံးနဲ့မေးလိုက်တယ်။ "နေ့လည်စာဘာချက်နေတာလဲ?"

"အမဲသားအစပ်နှပ်နဲ့ ကျွန်မကိုယ်တိုင်လုပ်ထားတဲ့အစာသွပ်ပေါက်စီ" လီဖင်းဖင်းကစဉ်းတီတုံးအရှေ့မှာရပ်ကာ အသားကိုဆက်တိုက်လှီးနေတယ်။ "အသားနဲ့အစာသွပ်မှာ၊ စားကြည့်ချင်လား?"

ဖေရွှမ်ရဲ့မျက်ခုံးတွေမြင့်သွားတယ်။

အိမ်တစ်အိမ်လုံးက သူထွက်သွားတုန်းကနဲ့စာရင် ရှုပ်ပွလို့နေတယ်။ အထူးသဖြင့်မီးဖိုခန်းထဲမှာဖြစ်တယ်။ မသိရင်သတ်ပုတ်ပွဲတစ်ခုဖြစ်ထားသလိုမျိုး ပန်းကန်တွေခွက်တွေကွဲနေကာ ဖန်ကွဲစတွေကချောင်တစ်ချောင်မှာစုပုံလို့နေတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now