အခန်း ၄၀: မတူညီကွဲပြားတဲ့မင်းသမီးလင်ရှန်း

3K 557 83
                                    

{Unicode}

အခန်း ၄၀: မတူညီကွဲပြားတဲ့မင်းသမီးလင်ရှန်း

"နင်ယွိရန်ကကြောက်ဖို့ကောင်းတဲ့အပိုင်းကို အစွန်းဆုံးအထိရောက်အောင်ဖော်ပြသွားလို့ အဲ့အပိုင်းမှာသူ့ကိုဖြတ်ကျော်ဖို့ခက်ခဲလောက်တယ်၊ အဲ့ဒါကြောင့် မင်းကမတူညီကွဲပြားတဲ့မင်းသမီးလင်ရှန်းအဖြစ်သရုပ်ဆောင်ပြရမယ်" ရှီကျုံးထန်ကပြုံးလာတယ်။ "အလှတရားကိုအစွန်းဆုံးထိဖော်ပြတဲ့ မင်းသမီးလင်ရှန်းဆိုရင်ဘယ်လိုလဲ?"

နားထောင်ရတာတော့အဓိပ္ပာယ်ရှိသလိုလိုပဲဆိုပေမဲ့ နင်နင်သေချာစဉ်းစားကြည့်ရင်... အဲ့ဒါကဒီတိုင်းအလှပန်းအိုးပဲမဟုတ်ဘူးလား?

"အဲ့ဒါတကယ်အလုပ်ဖြစ်ပါ့မလား?" နင်နင်သူ့ကိုသံသယတွေနဲ့ကြည့်လိုက်တယ်။

"သေချာတာပေါ့!" ရှီကျုံးထန်ကတည်တည်ကြည်ကြည်ပြောလာတယ်။ "ကိုယ်သဘောကျတဲ့သူရဲ့ပုံကိုဆွဲရမယ်ဆိုရင် သေချာပေါက်သူ့ရဲ့အလှဆုံးပုံစံကိုပဲဆွဲမှာပေါ့၊ ဘာဖြစ်လို့သရဲမပုံစံမျိုးဆွဲရမှာလဲ? လန့်သေအောင်"

ဒါလည်းအဓိပ္ပာယ်ရှိသလိုပဲဆိုပေမဲ့ နောက်ဆုံးစကားကြောင်းကိုနားထောင်ရသလောက်ဆိုရင်.... နင်နင်မျက်ခုံးတစ်ဖက်မြှင့်လိုက်တယ်။ "ဆို‌တော့ရှင်ကဒီတိုင်း ရှင်တွဲပြီးသရုပ်ဆောင်ရမယ့်လူကို မိန်းမလှလေးဖြစ်စေချင်နေတာပေါ့၊ သရဲမမဟုတ်ဘဲနဲ့..."

"နင့်ဆိုင်ချန် နျဲ့ရှောင်ချန့်ကို ဘုရားကျောင်းမှာပထမဆုံးတွေ့တုန်းကရယ်၊ ရွှီရှန်း မြွေဖြူမကို တံတားပေါ်မှာပထမဆုံးတွေ့တုန်းကရယ်၊ သူတို့နှစ်ယောက်ဘာဖြစ်လို့ သရဲသရဲလို့အော်ပြီး နျဲ့ရှောင်ချန့်နဲ့မြွေဖြူမကိုသတ်ဖို့မစဉ်းစားမိခဲ့တာလဲ? အဲ့အမျိုးသမီးနှစ်ယောက်လုံးက အိပ်မက်လိုပဲလှလွန်းပြီး မြင်သူသဘောကျစေတဲ့အရောင်အဝါမျိုးပိုင်ဆိုင်ထားလို့မဟုတ်ဘူးလား?"

ရှီကျုံးထန်ပြုံးလိုက်တယ်။ သူဘယ်အချိန်ကတည်းက သူမနဲ့ဒီလောက်ထိနီးကပ်လာလဲဆိုတာကို နင်နင်သတိမထားမိခဲ့ပါချေ။

သူကနီးကပ်နေလွန်းတာကြောင့် နင်နင်သူ့ရဲ့အနံ့အသက်ကိုတောင်ခပ်သဲ့သဲ့ရှူရှိုက်မိနေတယ်။ အဲ့ဒါကရေမွှေးမဟုတ်သလို ဆပ်ပြာနံ့လည်းမဟုတ်ပါချေ။ ဖော်ပြလို့မရတဲ့ရနံ့မျိုးဖြစ်တယ်။ အဲ့ဒီရနံ့က တစ်ဖက်လူကိုအထိမခံဖြစ်စေနိုင်တယ်၊ တစ်ဖက်လူကိုနှလုံးခုန်မြန်စေနိုင်တယ်၊ တစ်ဖက်လူကိုထွက်ပြေးချင်ပေမဲ့ ထွက်ပြေးလို့မရအောင်လုပ်နိုင်တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now