အခန်း ၂၂: အိမ်ဟောင်း

3.5K 657 127
                                    

{Unicode}

အခန်း ၂၂: အိမ်ဟောင်း

"ဇာတ်ဝင်ခန်း၊ ဇာတ်ဝင်ခန်းပြောင်းလိုက်... ဇာတ်လိုက်ရဲ့ချစ်သူနဲ့ထိပ်တိုက်တွေ့တဲ့အခန်း"

နင်ယွီရန်ကသူမရဲ့နှာခေါင်းဝတွေကိုရှုံ့တွပြီး အာခေါင်ခြစ်အော်လာတယ်။ "ငါနင့်ကိုသေအောင်မနာလိုဖြစ်တယ်! သူကနင့်ကိုကျချစ်ပြီး ဘာဖြစ်လို့ငါ့ကိုကျမချစ်တာလဲ!"

"...ဒီကိုမလာနဲ့၊ မလာခဲ့နဲ့၊ လမ်းခွဲတဲ့အခန်းကိုပြောင်းလိုက်"

နင်ယွီရန်ကသူမရဲ့နှာခေါင်းကိုဆက်လက်ရှုံ့တွနေပြီး ထပ်ပြီးအော်ဟစ်လာတယ်။ "ငါနင့်ကိုမုန်းတယ်! ငါနင်နဲ့အကြာကြီးအတူရှိလာတာကို! အခုနင်ကငါနဲ့လမ်းခွဲချင်တယ်ပေါ့လေ?"

"...အခြားအမူအရာတစ်ခုခုကိုသုံးလို့မရဘူးလား? နှာခေါင်းပွတာ၊ နှာခေါင်းပွတာနဲ့ နှာခေါင်းပွတာကလွဲပြီး အခြားတစ်ခုခုမလုပ်တတ်တော့ဘူးလား?"

နင်ယွီရန်မျက်နှာနီရဲသွားကာ သူမရဲ့မျက်နှာအမူအရာကိုပုံမှန်ဖြစ်အောင်လုပ်ဖို့အတင်းကြိုးစားပြီး... နှာခေါင်းကိုပွကာ စိုက်ကြည့်ပြီး အော်ပြောလာတယ်။ "အခုဘယ်လိုလဲ? အဆင်ပြေပြီလား?"

ချန်ကွမ်းချောင်အရှုံးပေးတဲ့ပုံနဲ့ လက်နှစ်ဖက်မြှောက်လိုက်တယ်။ ပြီးတော့သူ့ရဲ့ပိုက်ဆံအိတ်ကိုထုတ်ကာ ချက်လက်မှတ်တစ်ခုကိုကမ်းပေးလိုက်တယ်။ "ငါမင်းရဲ့လမ်းစရိတ်ကိုစိုက်ပေးမှာမို့ လာခဲ့တဲ့လမ်းအတိုင်းသာပြန်ပါတော့"

နင်ယွီရန်ကသူ့ရဲ့ပိုက်ဆံကိုမယူဘဲ ခေါင်းငုံ့ချကာမျက်ရည်တွေမကျအောင်ထိန်းချုပ်နေရတယ်။

"ခဏ" နင်နင်ကရုတ်တရက်အ‌ရှေ့ထွက်လာပြီး နင်ယွီရန်ကိုအပြင်ဆွဲခေါ်သွားတယ်။

ဒီလောက်ထိစုတ်ပြတ်သတ်နေတဲ့သရုပ်ဆောင်အရည်အချင်းနဲ့လူက သူမရဲ့အမေမဖြစ်နိုင်ဘူး။ ဒါကရုပ်ရှင်တစ်ခုပဲဆိုတာကိုနင်နင်သိတယ်။ ဘယ်လောက်ပဲဖြစ်ရပ်မှန်ကိုအခြေခံထားတယ်ပြောပြော ကိစ္စတော်တော်များများကဟုတ်မနေဘူး။ ဒါရိုက်တာချန်ကဒါရိုက်တာချန်နဲ့တူမနေသလို၊ မေမေကလည်း မေမေနဲ့တူမနေဘူး၊ အများကြီးပဲထူးဆန်းနေတယ်...

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now