အခန်း ၈: ပါးပါးရဲ့အလိမ်အညာများ

4.2K 690 25
                                    

{Unicode}

အခန်း ၈: ပါးပါးရဲ့အလိမ်အညာများ

"ဘာဖြစ်လို့လဲ စာကလေး(မာချွဲ့)" နင်နင်သူမရဲ့ရှေ့ကကောင်လေးကို စိတ်ဝင်တစားကြည့်လိုက်တယ်။

တစ်ဖက်လူကခဏတာတိတ်ဆိတ်နေပြီးမှ တိုးတိုးလေးပြောလာတယ်။ "ကျွန်တော်ကစာကလေး(မာချွဲ့)မဟုတ်ဘူး၊ ချွဲ့ပန်းပါ"

နင်နင်ချက်ချင်းပဲကြောင်တောင်တောင်ဖြစ်သွားတယ်။ သူမတမင်သက်သက်နာမည်မှားခေါ်တာတော့မဟုတ်ပါဘူး။ အဲ့ဒါကဒီကိုလာပြီးဖျော်ဖြေတဲ့သူတွေကများတာရော၊ သူလာတဲ့အကြိမ်ရေကလည်း အခြားသူတွေနဲ့စာရင်နည်းတာကြောင့်မလို့ပါ... သူကသိပ်မထင်ရှားတာလည်းပါတာပေါ့။

အဟွတ် "ထိုင်လေ ချွဲ့ပန်း" နင်နင်ချောင်းဆိုးပြီးဟန်လုပ်လိုက်တယ်။ "ခဏလောက်နားပြီး ပါးပါးပြန်လာမှစကြတာပေါ့"

ဝမ်မားကနင်နင်၊ ချွဲ့ပန်းနဲ့ အစောင့်တို့အတွက် လက်ဖက်ရည်နဲ့ဌာပနာမုန့်တွေယူခဲ့ပေးတယ်။ အစောင့်ကလက်ဖက်ရည်မသောက်ပေမဲ့လည်း သူအပေါ့သွားချင်တာကိုတော့ထိန်းလို့မရပေ။ တစ်နာရီလောက်ကြာတော့ သူ့ခြေထောက်တွေစတင်တုန်ယင်လို့လာတယ်။

"လိုရင်သွားလေ" နင်နင်ပြောလိုက်တယ်။

"ကျွန်တော်မြန်မြန်ပြန်လာပါ့မယ် သခင်မလေး" အစောင့်ကခြေထောက်ကွေးပြီး ထွက်သွားတယ်။

သူထွက်သွားတော့ နင်နင်ကစိတ်မပါတပါနဲ့ပဲ ဌာပနာမုန့်ကိုစားနေလိုက်တယ်။ လီရှို့လန်ကိစ္စကြောင့်သာမဟုတ်ရင် ဒီရုပ်ရှင်ကဒီတိုင်းရိုးရိုးမှတ်တမ်းတင်ရုပ်ရှင်လို့တောင် နင်နင်ထင်လောက်တယ်။ အနှစ်ချုပ်ကဒီလိုလေးပေါ့: သူဌေးချူက မျက်လှည့်ပညာရှင်လျိုချန်းလိုပဲ သူ့ရဲ့တပည့်တွေကိုဦးဆောင်လမ်းပြပေးတယ်။ အဲ့ဒီကာလအတွင်းမှာ ချန်ကျွင်းယန့်နဲ့ လီရှို့လန်တို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်တွေတွယ်သွားကြပြီး အဆုံးမှာချစ်သူတွေဖြစ်သွားကြတယ်..." တစ်ခုခုကသိပ်မဟုတ်နေဘူး!

"ဟမ်?" နင်နင်ရုတ်တရက်အသိစိတ်ပြန်ဝင်လာကာ သူမရဲ့ဘေးကကောင်လေးကိုကြည့်လိုက်တယ်။ "ချွဲ့ပန်း ဘာဖြစ်လို့လဲ?"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now