အခန်း ၁၀၃: နှလုံးသားရဲ့လျှို့ဝှက်ချက်များ

2K 457 38
                                    

{Unicode}

အခန်း ၁၀၃: နှလုံးသားရဲ့လျှို့ဝှက်ချက်များ

စာထဲမှာရေးထားတာက စာတစ်ကြောင်းပဲဖြစ်တယ်။

"မင်းရဲ့အစ်မမှာအန္တရာယ်ရှိနေပြီ၊ ငါ့ကိုလာရှာ"

စာအောက်နားမှာ ရပ်ကွက်လိပ်စာတစ်ခုကိုလည်း တွေ့ရတယ်။

မုကွားကထိုလိပ်စာအနားမှာ ဟိုလျှောက်ဒီလျှောက်သွားလုပ်နေပေမဲ့ အိမ်အထဲကိုတော့ဝင်မသွားပါချေ။ ဘာဖြစ်လို့လဲဆိုတော့ ထိုနေရာက လူကုံထံတွေသီးသန့်စုနေတဲ့ ရပ်ကွက်ဖြစ်တာကြောင့်ပဲဖြစ်တယ်။ အဝေးကနေကြည့်ရင် ဗီလာတစ်ခုပြီး တစ်ခုပြီး တစ်ခုပဲတွေ့နေရတယ်။

ဆင်းရဲစုတ်ခြာနေတဲ့သူ့ရဲ့ပြဿနာကို ဘယ်လိုအားယားနေတဲ့လူချမ်းသာက ကူညီဖြေရှင်းပေးမှာမလို့လဲ? သူ့ရဲ့ပေါင်လောက်ထိပဲ အရပ်ရှည်တဲ့ကလေးမလေးရဲ့မျက်နှာကို ပြန်တွေးမိပြီးနောက်မှာ အဲ့ဒါကဟာသတစ်ခုပဲဖြစ်လောက်မယ်လို့ သူထင်လိုက်မိတယ်။

ဒါပေမဲ့သူအိမ်ပြန်လာပြီးနောက်မှာ နောင်တရလာခဲ့တယ်။

"တံခါးလိုက်ခေါက်ပြီးပဲဖြစ်ဖြစ် လိုက်မေးကြည့်ခဲ့ရမှာ" သူစဉ်းစားလိုက်မိတယ်။ "လိုက်မေးကြည့်တာလေးက ဘာမှလည်းမဖြစ်နိုင်တာကို"

တစ်ညလုံးဟိုလှိမ့်ဒီလှိမ့်လုပ်နေအပြီးမှာ သူနောက်တစ်နေ့ နောက်ကျမှနိုးလာခဲ့တယ်။

သူ့ရဲ့အစ်မကအိမ်ကနေထွက်သွားပြီဖြစ်တယ်။ သူအဝတ်အစားတွေဝတ်ပြီး အိမ်အောက်ကိုဆင်းလာခဲ့တယ်။ သူကဖေရွှမ်ရဲ့အိမ်ကိုသွားရမှာဖြစ်ပေမဲ့ အကြောင်းအချို့ကြောင့် သူတွန့်ဆုတ်နေမိတယ်။

"နောက်လည်းကျနေပြီပဲကို၊ ဒီနေ့မသွားတော့ဘူး" မုကွားလက်ထဲကစာကိုငုံ့ကြည့်လိုက်တယ်။ "...အဲ့ရပ်ကွက်ကို ထပ်သွားကြည့်ရမလား?"

သူတိုက်ခန်းအရှေ့မှာ အရှေ့အနောက်လျှောက်ရင်း အတွေးများနေတုန်း လူနှစ်ယောက်က သူ့အရှေ့မှာပေါ်လာခဲ့တယ်။

မနေ့တုန်းကတွေ့ခဲ့ရတဲ့ ကလေးမလေးပဲဖြစ်တယ်။

မုကွားသူမ...ရဲ့ အဖော်– လူငယ်ကိုကြည့်ပြီး အေးစက်စက်ရယ်လိုက်တယ်။ "ဒီစာမင်းရေးထားတာလား?"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now