အခန်း ၄၂: နီးကပ်လာခြင်း

2.7K 539 53
                                    

{Unicode}

အခန်း ၄၂: နီးကပ်လာခြင်း

...ဒါပေမဲ့ဂျူလိုင်၇ရက်နေ့မရောက်ခင်မှာပဲ နင်ယွိရန်ဆီမှာပြဿနာတက်သွားခဲ့တယ်...

"ဘာ?" နင်နင်လန့်ဖြန့်သွားတယ်။ "နင်ယွိရန်အဖမ်းခံရတယ်? ဘာဖြစ်လို့လဲ?"

ရှီကျုံးထန်ကသူမရဲ့နှုတ်ခမ်းပေါ်ကိုလက်ညှိုးတင်ပြီး အသံနိမ့်နိမ့်နဲ့ပြောလာတယ်။ "အခြားသူတွေကြားသွားဦးမယ်... သူအခုရဲစခန်းမှာ အခြားပြည့်တန်ဆာတွေအတူရှိနေတယ်"

သတင်းအရင်ရတဲ့သူကရှီကျုံးထန်ဖြစ်တာကြောင့် သတင်းအပြင်ကိုမပြန့်သွားတာဖြစ်တယ်။ သူကပေါ့ပေါ့ပါးပါးနေတတ်တဲ့သူဖြစ်ပေမဲ့ လှုပ်ရှားရင်လည်းမြန်မြန်ဆန်ဆန်လှုပ်ရှားတတ်တယ်။ သူ့ရဲ့နေကာမျက်မှန်ကိုချွတ်လိုက်တာနဲ့ သတင်းထောက်တိုင်းရဲ့အာရုံက သူ့အပေါ်ချက်ချင်းရောက်လာစမြဲဖြစ်တယ်။

နင်ယွိရန်ရဲ့သတင်းကိုလိုက်ဖို့ သတင်းထောက်တွေပြန်သတိရတဲ့အချိန်မှာ သူမကအာမခံနဲ့လွတ်သွားနှင့်ပြီဖြစ်တယ်။ သူတို့သတင်းနှိုက်ဖို့ကြိုးစားရင်တောင် အခြားပတ်သက်သူတွေကဘာမှမပြောကြတော့ချေ။ သူတို့တွေငွေနဲ့နှုတ်ပိတ်ခံထားရတယ်ဆိုတာ သိသာနေတာပဲ။

"မင်းကိုယ့်ကိုအကြွေးတင်သွားပြီနော်" ရှီကျုံးထန်ကပြုံးရင်းနဲ့ နင်နင့်နားရွက်နားကိုကပ်ကာ ကော်ဖီဆိုင်တစ်ခုရဲ့နာမည်ကိုပြောလိုက်တယ်။

လရောင်ကဖေး၊ ည၇နာရီ။

ကဖေးကရိုက်ကွင်းနဲ့သိပ်မဝေးတဲ့အပြင် တိတ်ဆိတ်ပြီးလူနည်းတာကြောင့် သရုပ်ဆောင်တွေကရံဖန်ရံခါ ဒီမှာလာစားတတ်ကြတယ်။

နင်နင်ဆိုင်ထဲကိုမြန်မြန်ဝင်လာပြီး ဘေးဘီဝဲယာကိုကြည့်လိုက်တယ်။ ပြီးတော့ကော်ဖီစားပွဲတစ်ခုကို လက်နဲ့ခေါက်လိုက်တယ်။

ပိန်လှီအားနည်းနေပုံပေါ်တဲ့နင်ယွိရန်က သူမကိုမော့ကြည့်လာတယ်။

နင်နင်မျက်နှာချင်းဆိုင်ခုံမှာထိုင်ချကာ နင်ယွိရန်အရှေ့ကအေးစက်နေပြီဖြစ်တဲ့ကော်ဖီခွက်ကိုကြည့်လိုက်တယ်။ သူမခေါင်းလှည့်ကာ စားပွဲထိုးကိုခေါ်ပြီး ကော်ဖီအသစ်နှစ်ခွက်ထပ်မှာလိုက်တယ်။ ပြီးတော့ခေါင်းပြန်လှည့်ကာပြောလာတယ်။ "ဘာဖြစ်သွားတာလဲ?"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now