အခန်း ၁၉: စုံဂဏန်းလက်မှတ်

3.6K 669 77
                                    

{Unicode}

အခန်း ၁၉: စုံဂဏန်းလက်မှတ်

အဲ့ဒီလူက အိုမင်းရင့်ရော်နေပြီး ရေမချိုးရတာနှစ်နဲ့ချီနေတဲ့ပုံပေါ်တဲ့ အဘွားအိုတစ်ယောက်ဖြစ်တယ်။ သူမရဲ့ဆံပင်တွေကထွေးထုပ်နေပြီး သူမအင်္ကျီကလည်းအနောက်ဘက်မှာပြဲလို့နေတယ်။

"ဒီနေ့လည်းမပြသေးဘူးလား?" အဘွားအိုကပိုစတာကိုလှမ်းကြည့်ကာရေရွတ်ပြီး ပြန်လှည့်ထွက်သွားတယ်။

"ခဏ!" နင်နင်သူမနောက်ကနေပြေးလိုက်သွားလိုက်တယ်။ "စိတ်မရှိပါနဲ့၊ ဒီလက်မှတ်ကို ဘယ်လောက်နဲ့ရောင်းနိုင်မလဲ?"

ဘေးကတံခါးစောင့်က မိုးရေထဲရောက်နေတဲ့သူမကို အမိုးအောက်ပြန်ဆွဲခေါ်သွင်းလိုက်တယ်။

"သူရောင်းမှာမဟုတ်ဘူး" သူဂရုမစိုက်ဟန်နဲ့ပြောကာ လျှောက်ထွက်သွားတဲ့ယိုင်နဲ့နဲ့ကျောပြင်ကို ကြည့်လိုက်တယ်။ "သူရုပ်ရှင်တစ်ခုတည်းကိုစောင့်နေတာ ဆယ့်ငါးနှစ်ရှိပြီ၊ သူသေတဲ့အထိ အဲ့ဒီရုပ်ရှင်ပြမယ့်နေ့ကိုစောင့်နေလိမ့်မယ်..."

သူပြောလို့ပြီးသွားတာနဲ့ ကားဘရိတ်နင်းသံအရှည်ကြီးကိုကြားလိုက်ရတယ်။

နင်နင်လှည့်ကြည့်လိုက်တော့ ကားတစ်စီးကအလျင်အမြန်မောင်းပြေးသွားကာ သူ့ရဲ့အနောက်မှာ ခုနကအဘွားအိုကမြေကြီးပေါ် မလှုပ်မယက်လဲလျောင်းနေတာကိုတွေ့လိုက်ရတယ်။ အခုလိုအခြေအနေမှာတောင်သူမကရုပ်ရှင်လက်မှတ်ကို သူမရင်ဘတ်ပေါ်မှာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လို့ထားဆဲဖြစ်တယ်။

တစ်နာရီကြာပြီးနောက် ဆေးရုံတွင်။

ဆရာဝန်ကခွဲစိတ်ခန်းထဲကနေထွက်လာပြီး နင်နင်ကိုစကားတစ်ခွန်းနှစ်ခွန်းပြောပြီးနောက် ခေါင်းခါလိုက်တယ်။

"သူ့မှာအချိန်သိပ်မကျန်တော့ဘူး" သူကထပ်ပြောလာတယ်။ "ပြောချင်တာရှိရင် အခုပြောထားပါတော့"

နင်နင်တံခါးကိုဖွင့်ကာ အသက်ထွက်ခါနီး အဘွားအိုဆီကိုလျှောက်သွားလိုက်တယ်။

"ငါသေလို့မရသေးဘူး၊ ငါသေလို့မရသေးဘူး..." နင်နင်အနားကိုလျှောက်လာတာနဲ့ သူမရဲ့ရေရွတ်သံတိုးတိုးညင်းညင်းကိုသာကြားရတယ်။ "ငါရုပ်ရှင်ကြည့်ရဦးမယ်၊ ငါသေလို့မရသေးဘူး..."

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now