အခန်း၄၃: ထိုမှတစ်ပါးရွေးချယ်စရာမရှိ

2.6K 540 127
                                    

{Unicode}

အခန်း၄၃: ထိုမှတစ်ပါးရွေးချယ်စရာမရှိ

မင်းရဲ့အနောက်မှာရပ်နေတဲ့လူရဲ့ပုံရိပ်ကို ရေခွက်ထဲကနေတစ်ဆင့်ဘယ်လိုလုပ်ပြီးမြင်နိုင်ပါသလဲ?

ရှင်းပါတယ်။

သူကမင်းကိုခါးကုန်းပြီးငုံ့ကြည့်နေလို့ပဲဖြစ်တယ်။

နင်နင်မြန်မြန်ဆန်ဆန်စားပွဲကိုတွန်းထုတ်ပြီး ဘေးဘက်ကိုပြေးထွက်လိုက်တယ်။

သူမအနောက်ကလူကထွက်မပြေးသွားပါချေ။ သူကထိုနေရာမှာရပ်နေဆဲဖြစ်ပြီး နင်နင့်ကိုဘေးစောင်းကြည့်ကာပြုံးပြလို့နေတယ်။

...နင်နင်နားမလည်နိုင်တော့ချေ။။ သူကထိုမျက်နှာဖုံးအောက်ကနေပြီးတော့လည်း သူမကိုပြုံးပြနေတယ်ဆိုတာကို နင်နင်ဘယ်လိုလုပ်သိနိုင်တာလဲ? သူမစိတ်ကိုသေချာစုစည်းပြီး ထိုလူကိုမေးလိုက်တယ်။ "...ရှင်ဘယ်သူလဲ?"

ထိုလူကပြုံးနေတဲ့မျက်နှာဖုံးအပြင် အဖြူရောင်အကျဉ်းထောင်ဝတ်စုံကိုဝတ်ဆင်လို့ထားတယ်။ သူ့ရဲ့လည်ပင်းက ခေါင်းဖြတ်ခံထားရတာကနေထွက်လာတဲ့သွေးတွေလိုမျိုး ခြင်းခြင်းနီရဲလို့နေတယ်။

သူကနင်နင့်ကိုမျက်တောင်မခတ်ဘဲစိုက်ကြည့်နေတယ်။ သူမဆီမှာဘာကိုတွေ့လို့လဲ‌တော့နင်နင်မသိပေမဲ့ ထိုလူကပိုပြီးတက်ကြွပျော်ရွှင်စွာပြုံးလာပြီး သူ့လက်ကိုမြှောက်လာတယ်။ "မင်းအတွက်"

သူ့ရဲ့လက်ဖဝါးထဲမှာရှိတာက တွန့်ကြေနေတဲ့ရုပ်ရှင်လက်မှတ်တစ်စောင်ဖြစ်တယ်။

ဒါကအရမ်းရင်းနှီးနေတယ်။ ဒီလိုကမ်းလှမ်းမှုမျိုးကို နင်နင်တစ်ခေါက်ငြင်းဆိုဖူးတယ်။ ဒီတစ်ခေါက်လည်းသူမငြင်းဆိုမှရမယ်။ သူမမြန်မြန်ဆန်ဆန်ခေါင်းခါလိုက်တယ်။

နင်နင် နင်ယွိရန်ရဲ့လက်မောင်းကိုဆွဲကာ ထိုလူဘေးကနေဖြတ်ပြီး ဆိုင်အပြင်ဘက်ကိုပြေးထွက်သွားလိုက်တယ်။

သူမတို့အပြင်ရောက်တာနဲ့ ပွက်လောရိုက်နေတဲ့စကားပြောသံတွေထွက်ပေါ်လာခဲ့တယ်။ အဖွဲ့သားတွေအကုန်လုံးက ဆိုင်အပြင်ဘက်မှာအသားကင်စားရင်း ဘီယာသောက်နေကြတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now