အခန်း ၃၆: အမွေအစစ်အမှန်

3.3K 639 96
                                    

{Unicode}

အခန်း ၃၆: အမွေအစစ်အမှန်

"ကျုပ်ကိုလွှတ်! ကျုပ်ကိုလွှတ်!" စာသင်သားမျက်နှာဖုံးနဲ့လူရဲ့ခေါင်းကအနောက်ဘက်ကိုဆွဲခံထားရတယ်။ သူကထိုလက်ရဲ့ဆွဲခေါ်သွားတာကိုခံရပြီး နောက်ဆုံးမှာမာတောင့်နေတဲ့ရင်အုံတစ်ခုနဲ့တိုက်မိသွားတယ်။

တံခါးစောင့်က စာသင်သားမျက်နှာဖုံးနဲ့လူရဲ့ဆံပင်ကို ဘယ်ဘက်လက်နဲ့ရက်စက်စွာဆောင့်ဆွဲထားတယ်။ ပြီးတော့သူ့ရဲ့ညာဘက်လက်ကိုဖြည်းဖြည်းချင်းမြှောက်ကာ စာသင်သားမျက်နှာဖုံးပေါ်မှာတင်လိုက်တယ်။

"...ဟင့်အင်း! အဟွတ် အဟွတ်၊ မလုပ်နဲ့!" စာသင်သားမျက်နှာဖုံးနဲ့လူဆီကနေ ရုတ်တရက်ရေနစ်နေတဲ့အသံမျိုးထွက်ပေါ်လာခဲ့တယ်။ ချွေးတွေထွက်နေသလိုမျိုး သူ့ရဲ့လည်ပင်းပေါ်ကို ရေတွေဆက်တိုက်စီးကျလာခဲ့တယ်- ဟင့်အင်း၊ အဲ့ဒါတွေကချွေးမဟုတ်ဘူး။ လူတစ်ယောက်ကအဲ့လောက်ထိ ချွေးတွေမထွက်နိုင်ပါချေ။

တစ်စုံတစ်ယောက်ကရေပိုက်ခေါင်းတစ်ခုကိုဖွင့်ချထားသလိုမျိုး အဆုံးမသတ်နိုင်တဲ့ရေတွေက သူ့ရဲ့မျက်နှာဖုံးကနေဆက်တိုက်စီးကျလာတယ်။ ရေတွေကကြမ်းပြင်ပေါ်ကိုတစ်စက်စက်ကျလာရင်း မြန်မြန်ဆန်ဆန်ပဲရေအိုင်သေးသေးလေးဖြစ်လာခဲ့တယ်။

တံခါးစောင့်ကသူ့ရဲ့လက်ကို ညင်သာစွာပြန်မလိုက်တယ်။ စာသင်သားမျက်နှာဖုံးနဲ့လူကခါးကိုင်းပြီး ရေအိုင်ထဲဒူးထောက်ချလိုက်တယ်။

နင်နင်ရဲ့မျက်နှာပေါ်ရေတွေလာစင်ပေမဲ့ သူမ,မသုတ်အားပါချေ။ သူမကြက်သီးတွေထရင်း စာသင်သားမျက်နှာဖုံးနဲ့လူကိုကြည့်နေမိတယ်- ဟင့်အင်း၊ အဲ့ဒါကိုစာသင်သားမျက်နှာဖုံးလို့ ခေါ်လို့မရတော့ပါချေ။

ထိုလူမျက်နှာပေါ်ကမျက်နှာဖုံးက စာသင်သားအဖြစ်ကနေပြီး နာကျင်စွာရေနစ်နေတဲ့မျက်နှာတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်တယ်။ ထိုလူကမျက်နှာဖုံးကိုဆွဲချွတ်ဖို့ ရုန်းကန်လာတယ်။ ဒါပေမဲ့မျက်နှာဖုံးကသူ့ရဲ့မျက်နှာအစစ်လိုပဲ သူဘယ်လောက်ကြိုးစားကြိုးစား ကျွတ်မယ့်ပုံမပေါ်ပါချေ။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now