အခန်း ၁၂၁: အဆုံးမရှိတဲ့သေခြင်းတရား

1.9K 440 37
                                    

{Unicode}

အခန်း ၁၂၁: အဆုံးမရှိတဲ့သေခြင်းတရား

စနေနေ့၊ ဂျူလိုင်လ ၁၇ရက်၊ ၂၀၀၄ ခုနှစ်။ စိတ်ရောဂါဆေးခန်းတစ်ခုတွင်။

ဝမ်ယွီကလက်ဖက်ရည်ခွက်နှစ်ခွက်ကို စားပွဲပေါ်ချပြီး နင်နင့်အိတ်ကပ်ထဲကဖုန်းကို တစ်ချက်လှမ်းကြည့်လာတယ်။ "ဖုန်းမကိုင်ဘူးလား?"

သူမစထိုင်ပြီးကတည်းက ထိုဖုန်းကဆက်တိုက်ကို တုန်ခါနေတာဖြစ်တယ်။ သူမထပ်ပြီးအသံပိတ်လိုက်ကာ သူ့ကိုပင်ပန်းစွာနဲ့ပြောလာတယ်။ "ငါ့ကိုလိုက်နေတဲ့လူတွေထဲကတစ်ယောက်၊ ဆက်တိုက်ဖုန်းခေါ်ပြီး လာမတွေ့ရင် သတ်သေမယ်လို့ခြိမ်းခြောက်နေတာ"

ဝမ်ယွီ, "ဒါဆိုမင်းသွားတွေ့မလို့လား?"

"ငါမသွားချင်ဘူး" နင်နင်သက်ပြင်းချလိုက်တယ်။ ပြီးတော့မတ်တတ်ထရပ်ပြီး သူ့ကိုပြောလိုက်တယ်။ "ဒါပေမဲ့သွားမှရမယ်ထင်တယ်... ဂန္ဓမာလက်ဖက်ရည်အတွက် ကျေးဇူးပဲ"

နင်နင်တံခါးတွန်းဖွင့်ပြီး အခန်းထဲကနေလျှောက်ထွက်သွားတယ်။ တစ်မိနစ်လောက်အကြာမှာ ဆေးခန်းဝန်ထမ်းတစ်ဦးက ရေနွေးကရားတစ်ခုကိုင်ပြီး တံခါးခေါက်လာတယ်။ "ဒေါက်တာဝမ်၊ လက်ဖက်ရည်ရပါပြီ"

လူနာကထွက်သွားပြီဖြစ်တယ်။ အခုတစ်ခွက်နဲ့တင်လုံလောက်တယ်။

ရွှေဝါရောင်ပန်းပွင့်ဖတ်တွေနဲ့လက်ဖက်ရည်က ရေနွေးခွက်ထဲကိုငှဲ့ကျလာခဲ့တယ်။

နင်နင်ထွက်သွားတဲ့ဦးတည်ရာကိုကြည့်ပြီး ဝမ်ယွီမျက်ခုံးမြှင့်လိုက်မိတယ်။ ထူးဆန်းတယ်၊ ဒါကဂန္ဓမာလက်ဖက်ရည်ဆိုတာကို သူမဘယ်လိုလုပ်ပြီး ကြိုသိနေတာလဲ?

နင်နင်သေချာပေါက်သိတာပေါ့။

ဘာဖြစ်လို့လဲဆိုတော့ ဝမ်ယွီရဲ့ရုံးခန်းထဲမှာထိုင်နေရတာ သူမအတွက် သုံးခေါက်မြောက်ရှိနေပြီမလို့ပဲဖြစ်တယ်။

ပထမတစ်ခေါက်မှာ သူမဖုန်းမကိုင်ခဲ့ပေ။ ဒုတိယတစ်ခေါက်မှာ သူမ,မထွက်သွားခဲ့ပေ။ အဆုံးမှာသူမ ထိုဂန္ဓမာလက်ဖက်ရည်ကို တစ်ငုံသောက်လိုက်တာနဲ့ ဇာတ်ဝင်ခန်းရဲ့အစကို ပြန်ရောက်သွားရတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now