«အဋ္ဌမ/ဇာတ်သိမ်း» အခန်း ၁၄၁: နောက်ဆုံးစည်းမျဉ်း

1.9K 413 37
                                    

{Unicode}

«အဋ္ဌမ/ဇာတ်သိမ်း»

အခန်း ၁၄၁: နောက်ဆုံးစည်းမျဉ်း

သူဌေးချူ နင်ယွိရန်ကြည့်နေတဲ့ဦးတည်ရာဘက်ကို ကြည့်လိုက်တယ်။

အစက သူ့စိတ်ထဲမှာရှိနေသမျှက ချန်ရွှမ်းဟယ်ကို လိုက်ဖမ်းဖို့ပဲဖြစ်ပေမဲ့ အခုသူအကြည့်လွှဲလိုက်တော့မှ အဝင်ဝအရှေ့မှာရပ်နေကြတဲ့ လူတွေ၊ မိဘတွေအများကြီးကို သတိထားမိလိုက်တယ််။

လူတစ်ယောက်က သူ့ကလေးရဲ့နာမည်ကိုသာ ထပ်ခါတလဲလဲ အော်ဟစ်လို့နေတယ်။ ကျန်တဲ့လူအချို့က ရေဘူးတွေကိုဖွင့်ပြီး ခေါင်းပေါ်လောင်းချကာ တားနေကြတဲ့လူတွေကို လျစ်လျူရှုပြီး မီးထဲပြေးဝင်သွားကြတယ်။

"နင်နင်!" နင်ယွိရန်က ဒါရိုက်တာချန်ရဲ့လက်တွေကြားထဲမှာ ရုန်းကန်နေတယ်။ "ကျွန်မကိုလွှတ်! နင်နင့်ကိုကယ်ရမယ်!"

"ခဏနေရင် မီးသတ်သမားတွေရောက်လာလိမ့်မယ်!" ဒါရိုက်တာချန် သူမကိုနည်းနည်းတောင် မလွှတ်ပေးလာပေ။ "မင်းက နိုင်ငံတော်ရဲ့ရတနာ အနုပညာရှင်ပဲ! မင်းရဲ့အသက်ကို အရဲစွန့်လို့မရဘူး! မင်းဒီမှာပဲနေနေမှရမယ်!"

နင်ယွိရန်ရုန်းမထွက်နိုင်တာကြောင့် အနောက်လှည့်ပြီး သူ့ကိုအော်ပြောလိုက်တယ်။ "ရှင်နည်းနည်းလေးတောင် မစိုးရိမ်ဘူးလား? ရှင့်ရဲ့သားလည်း အဲ့ထဲမှာရှိနေနိုင်သေးတယ်လေ!"

ဒါရိုက်တာချန်က ခဏလောက်ကြက်သေသေသွားပြီးတော့မှ ပုခုံးတွန့်လာတယ်။ သူ့ရဲ့ပေါ့ပေါ့ပါးပါး ရယ်‌မောသံက ဒီလိုမျိုးပြောနေသလိုပင်: "ငါကနိုင်ငံတော်ရဲ့ရတနာ ဒါရိုက်တာလေ၊ သေးနုပ်တဲ့ ချန်ရွှမ်းဟယ်အတွက်ကြောင့်နဲ့ ငါ့ရဲ့ဘဝကို ဘယ်လိုလုပ်ပြီး အရဲစွန့်နိုင်မှာလဲ?"

"...ငါကရောဘာဖြစ်လို့ အရဲစွန့်ရမှာလဲ?" သူဌေးချူ သူ့ကိုယ်သူပြောလိုက်တယ်။ "သူတို့အားလုံးက သူများသားသမီးတွေပဲလေ၊ သူတို့သေသွားလည်း ငါနဲ့ဘာဆိုင်လို့လဲ? အထဲမှာ... ငါ့ရဲ့သမီးရှိနေတာမှ မဟုတ်တာ..."

သူခေါင်းပြန်လှည့်ကာ ချန်ရွှမ်းဟယ်အနောက်ကို ဆက်လိုက်ဖို့ လုပ်လိုက်တယ်။ ဒါပေမဲ့ခြေနှစ်လှမ်းတောင် မပြည့်သေးခင်မှာပဲ သူချက်ချင်း အနောက်ပြန်လှည့်လာပြီး ဝင်ပေါက်ထဲကိုပြေးဝင်သွားတော့တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now