အခန်း ၁၄၂: အပိုလူတစ်ယောက်

1.9K 380 9
                                    

{Unicode}

အခန်း ၁၄၂: အပိုလူတစ်ယောက်

အခုရက်ပိုင်းမှာ အကြောင်းအရင်းတစ်ခုကြောင့် စိတ်ရောဂါကုဆေးခန်းဆီ သွားပြတဲ့လူတွေ ပိုပိုများလာခဲ့တယ်။

"ကျွန်မခံစားနေရတာ... အိမ်မှာအခြားလူတစ်ယောက် ရှိနေသလိုပဲ" အမျိုးသမီးတစ်ဦးက အနည်းငယ်မူမမှန်တဲ့အမူအရာနဲ့ ပြောလာတယ်။ အခန်းထဲမှာထိုင်ချပြီးကတည်းက သူမရဲ့မျက်ဆံတွေ လှုပ်ရှားနေတာ မရပ်တန့်သေးပေ။ "ကျွန်မအိမ်ပြန်ရောက်တိုင်း အိမ်ထဲကပစ္စည်းတွေက နေရာတွေမှားပြီးရှိနေတယ်"

"မဒမ်ချင်၊ အမှတ်မှားတာရော မဖြစ်နိုင်ဘူးလား?" ဝမ်ယွီသူမကို မေးလိုက်တယ်။ "တစ်ခါတလေမှာ လူတစ်ယောက်ရဲ့မှတ်ဉာဏ်က မှားယွင်းတာတွေဖြစ်တတ်တယ်၊ ပစ္စည်းတွေကိုသုံးပြီးတော့ ပြန်ထားထားတဲ့ နေရာအထားအသို မေ့သွားတာမျိုး ဖြစ်နိုင်မလား?"

"ကျွန်မအမှတ်မမှားဘူး" ထိုအမျိုးသမီးကပြောလာတယ်။ "ကျွန်မဖုန်းကြည့်ပြီးတော့ ဖုန်းကိုဖြစ်တဲ့နေရာမှာ ချရင်ချထားနိုင်ပေမဲ့ ရေခဲသေတ္တာထဲက စားစရာတွေ တစ်ဝက်လောက်ကို စားပစ်ပြီး မေ့သွားတာမျိုးတော့ လုံးဝမဖြစ်နိုင်ဘူး"

"ရေခဲသေတ္တာထဲက စားစရာတွေပျောက်သွားတာက ဘယ်အချိန်လောက်လဲ?" ဝမ်ယွီမေးလိုက်တယ်။

"ညဘက်ထင်တယ်" ထိုအမျိုးသမီးက မျက်နှာကိုပွတ်လာတယ်။ သူမထိတ်လန့်ကြောက်ရွံ့စွာနဲ့ တစ်ညလုံးနိုးနေခဲ့တာကြောင့် သူမရဲ့ပုံစံက အင်မတန်ချိနဲ့လို့နေတယ်။ "ကျွန်မနိုးလာတော့ အထဲကဘူးတွေ ပုလင်းတွေ အားလုံးပွင့်နေတာ၊ အထူးသဖြင့် ဘီယာဘူးတွေ၊ အားလုံးဖောက်ခံထားရတယ်"

ဝမ်ယွီအဲ့ဒါကို မှတ်စုထဲမှာချရေးလိုက်တယ်။

"ဆရာဘယ်လိုထင်လဲဟင်?" ထိုအမျိုးသမီးက ခါးကိုင်းချပြီး သူ့ကိုကြည့်လာတယ်။ "ကျွန်မရဲတိုင်လိုက်ရမလား?"

ရဲတိုင်ဖို့စိတ်ကူးရှိရင် အစကတည်းက စိတ်ရောဂါကုဆေးခန်းကို လာခဲ့မှာမဟုတ်ချေ။ ဝမ်ယွီသူမကိုကြည့်ပြီး ပြောလိုက်တယ်။ "Somnambulism၊ အိပ်ပျော်နေတုန်းလမ်းလျှောက်တဲ့ ရောဂါလက္ခဏာဖြစ်နိုင်တယ်"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now