အခန်း ၁၄၀: ပိုင်ရှင်တစ်ယောက်ရဲ့အရည်အသွေး

1.7K 380 12
                                    

{Unicode}

အခန်း ၁၄၀: ပိုင်ရှင်တစ်ယောက်ရဲ့အရည်အသွေး

<ဂျူးလိယက်မရှိတော့တဲ့နောက်> က ဆက်လက်ပြသလို့နေတယ်။ စင်အနောက်ဘက်မှာတော့–

ချန်ရွှမ်းဟယ်ဖုန်းကို အကြိမ်အနည်းထပ်ဆက်နေပေမဲ့ ဖုန်းအသံသာအကြာကြီးမြည်ပြီး တစ်ဖက်ကမကိုင်လာပေ။ သူခေါင်းလှည့်ကာ ရှီကျုံးထန်ကိုကြည့်လိုက်တယ်။ "သူဖုန်းမကိုင်ဘူး"

ရှီကျုံးထန်ကဘာမှမပြောလာပေ။ သူ့ပုံစံက အနည်းငယ်တိတ်ဆိတ်လို့နေတယ်။

ချန်ရွှမ်းဟယ်အချိန်တစ်ခုအထိ တွန့်ဆုတ်နေပြီးတော့မှ သူ့ကိုပြောလိုက်တယ်။ "ခင်ဗျားသူ့ကိုသွားရှာရင်ရော?"

အဲ့အချိန်မှာ တူထုသံက ဟိတ်ဟန်အပြည့်နဲ့အသံနဲ့အတူ စင်ပေါ်ကနေထွက်ပေါ်လာခဲ့တယ်။ "တရားလို၊ ရိုမီယိုရဲ့ဝိညာဉ်! တရားခွင်ဝင်ပါ!"

"သွားရအောင်" ချန်ရွှမ်းဟယ် ရှီကျုံးထန်ရဲ့ကျောအနောက်ဘက်ကို ပုတ်လိုက်တယ်။ ပြီးတော့ ပရိသတ်တွေရဲ့ လက်ခုပ်သံတွေနဲ့အတူ သူတို့နှစ်ယောက် စင်ပေါ်ကိုတက်လာခဲ့တယ်။

ချန်ရွှမ်းဟယ်ကအဖြူရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားကာ သူ့ရဲ့မျက်နှာကလည်း ဖြူဖတ်ဖြူရော်ဖြစ်နေပြီး သူ့ရဲ့ရင်ဘတ်တစ်ခုသာ နီရဲလို့နေတယ်။ အဲ့ဒါကရင်ဘတ်ကိုဓားထိုးခံပြီး သေခဲ့ရတဲ့ သူ့ဝိညာဉ်ရဲ့ အခြေအနေကို ဖော်ပြတာဖြစ်တယ်။

လက်ခုပ်သံက ဖြည်းဖြည်းချင်းတိတ်ကျသွားတယ်။ သူတရားလိုထိုင်ခုံမှာထိုင်ချကာ မျက်နှာချင်းဆိုင်ဘက်ကို ခပ်ဝေးဝေးကနေကြည့်လိုက်တယ်။

ချူယန့်က တရားခံနေရာမှာ ရပ်လို့နေတယ်‌။ သူ့အနောက်မှာရှိနေတာက တကယ့်ဝိညာဉ်ဖြစ်တယ်။

"ရိုမီယို" ဟိတ်ဟန်အပြည့်နဲ့အသံက မေးလာတယ်။ "မင်းအရှေ့ကလူကို မှတ်မိသေးလား?"

"...လူသတ်သမား!" ချန်ရွှမ်းဟယ်မတ်တတ်ရပ်ပြီး လက်မြှောက်ကာ ချူယန့်ကို လက်ညှိုးထိုးလိုက်တယ်။ "ခင်ဗျားကျုပ်ကိုသတ်ခဲ့တာ!"

"မင်းလည်းလူသတ်သမားပဲ!" ချူယန့်ကလက်နှစ်ဖက်စလုံးနဲ့ စားပွဲကိုရိုက်ချပြီး သူ့ကိုအော်ပြောလာတယ်။ "ငါ့ရဲ့သမီးကိုသတ်ခဲ့တဲ့ လူသတ်သမား!"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now