အခန်း ၇၃: သုံးယောက်ပြိုင်

2.5K 520 24
                                    

{Unicode}

အခန်း ၇၃: သုံးယောက်ပြိုင်

အခန်းထဲမှာနင်နင်အပြင် အခြားသရုပ်‌ဆောင်နှစ်ယောက်လည်းရှိနေတယ်။

နင်နင်ကခြေတစ်လှမ်းနောက်ကျသွားခဲ့ပြီဖြစ်တယ်။ ယန့်ချင်က သူမဘဝဇာတ်ကြောင်းတစ်ဝက်ကို ပြောပြီးသွားပြီဖြစ်ကာ ကျန်တဲ့တစ်ဝက်ကိုပြောဖို့ပြင်နေတာဖြစ်တယ်။

"...တပည့်တချို့ရဲ့ကျေးဇူးကြောင့်သာ ကျွန်မကိုယ်ကျွန်မသတ်သေဖို့ မစဉ်းစားခဲ့တော့တာပါ" သူမက သူမရဲ့ဘီးထိုးထားတဲ့ဆံပင်ဖြူတွေကို ထိတွေ့လိုက်တယ်။ "ဒါပေမဲ့အဲ့ဒါပြီးတော့လည်း နေ့ရက်တွေကမလွယ်ကူခဲ့ပါဘူး၊ အဲ့ဒီနောက်မှာကျွန်မရဲ့ဆံပင်တွေ စပြီးဖြူလာတယ်၊ ကျွန်မဖိနပ်အရောင်တင်ဆေးတွေသုံးပြီး လူမသိအောင် အမည်းပြန်ဆိုးလေ့ရှိပေမဲ့ အဲ့ဒါကတကယ်အနံ့ဆိုးခဲ့တာ၊ နံလွန်းလို့ ကျွန်မမိဘတွေတောင် ကျွန်မအနားမကပ်နိုင်ခဲ့ကြဘူး"

သူမရယ်မောလာတော့ အနားကလူတွေပါလိုက်ရယ်လိုက်ကြတယ်။

"ပြီးတော့ကျွန်မတပည့်တွေနဲ့ သူတို့မိဘတွေရဲ့အကူအညီကျေးဇူးကြောင့်" သူမပြောလာတယ်။ "ကျွန်မနိုင်ငံခြားထွက်ခဲ့တယ်၊ ကျွန်မပြင်သစ်မှာဂီတကိုလေ့လာခဲ့တယ်... ဒါပေမဲ့စစရောက်တုန်းကတော့ ဘာသာစကားလေ့လာခဲ့တာ"

မြို့သေးသေးလေးကလာတဲ့ ဘာသာစကားဆရာမတစ်ယောက် အခြားနိုင်ငံတစ်ခုကိုရောက်သွားတာက အခြားကမ္ဘာတစ်ခုကို ရောက်သွားရသလိုပါပင်။ လမ်းကြိုလမ်းကကြားတိုင်းက သူမနားမလည်တဲ့စကားတွေကိုပြောနေတဲ့ လမ်းသွားလမ်းလာတွေနဲ့ပြည့်နေတယ်။ ဒါပေမဲ့အဲ့ဒီအချက်ကပဲ သူမကိုစိတ်သက်သာရာရစေခဲ့တယ်။ သူတို့တွေကသူမကို ထူးဆန်းတဲ့အကြည့်တွေနဲ့ ဝိုင်းမကြည့်ကြဘူးလေ။

အဲ့လိုနဲ့ယန့်ချင်ပြင်သစ်နိုင်ငံမှာအခြေချခဲ့တယ်။ သူမပြင်သစ်ဘာသာစကားကို အားသွန်ခွန်စိုက်သင်ယူခဲ့သလို ဂီတကိုလည်း ကြိုးကြိုးစားစားလေ့လာခဲ့တယ်။ အဲ့ဒီနိုင်ငံမှာဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်ရင် ကောလဟလတွေ အတင်းအဖျင်းတွေပြည့်နေတဲ့ အရင်ကမြို့သေးသေးလေးဆီ ပြန်သွားရလိမ့်မယ်ဆိုတာကိုသိနေတာကြောင့် သူမအရမ်းအရမ်းကြိုးစားခဲ့တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now