အခန်း ၁၅၀: နတ်ဘုရားဆိုတာကဘာလဲ?

1.6K 357 12
                                    

{Unicode}

အခန်း ၁၅၀: နတ်ဘုရားဆိုတာကဘာလဲ?

အိမ်ထဲမှာယှဉ်ပြိုင်သူနှစ်ယောက်ရှိနေပေမဲ့ မျက်နှာဖုံးကတော့ တစ်ခုတည်းသာရှိတာဖြစ်တယ်။

အဆုံးမှာဘယ်သူက ထိုမျက်နှာဖုံးကိုအရယူနိုင်မလဲ?

"ဒါအဆင်ပြေလောက်တယ်၊ နဂိုဟာရဲ့အရည်အသွေးကိုတော့ မမီပေမဲ့" ရွာသူကြီးကမျက်နှာဖုံးကို အကြိမ်အနည်းငယ်လှည့်ကြည့်ရင်း ဝေဖန်လေကန်လို့နေတယ်။ ပြီးတော့မှ သူနင်နင်ကိုပြောလာခဲ့တယ်။ "လက်သမားကို နည်းနည်းပြန်ပြင်ခိုင်းလိုက်ဦးမယ်၊ ဒီအချိန်အတောအတွင်း မင်းသေချာလေ့ကျင့်ထား"

သူပြောပြီးတော့ နင်နင့်ရဲ့အနောက်ဘက်ကို ကြည့်လာခဲ့တယ်။ "မင်းသူ့လိုပုံစံမျိုး ဖြစ်လာမှရမယ်"

နင်နင်အနောက်လှည့်ကြည့်လိုက်တယ်။

ကြောက်ရွံ့ဖွယ်ခက်ထန်တဲ့ မျက်နှာဖုံး။

...ဟင့်အင်း၊ အဲ့ဒါကမျက်နှာဖုံးမဟုတ်ပေ။

"...မေမေ?" နင်နင်အလန့်တကြား အော်ခေါ်လိုက်တယ်။

နင်ယွိရန်က နီရဲနေတဲ့နှုတ်ခမ်းနီတောင့်နဲ့ သူမရဲ့မျက်နှာကို ရေးဆွဲလို့နေတယ်။ သားရဲတစ်ကောင်လို ပါးစပ်ကျယ်နဲ့ ချွန်ထက်နေတဲ့အစွယ်တွေအပြင် မျက်ဝန်းအစုံအောက်မှာ ရေးဆွဲထားတဲ့ သွေးမျက်ရည်စီးကြောင်းနှစ်ခုနဲ့ သူမရဲ့မျက်နှာက ရွာသူကြီးရဲ့လက်ထဲက မျက်နှာဖုံးအတိုင်းပင်။

"ဗိုက်ဆာပြီ" နင်ယွိရန်က နင်နင့်ကိုတောင် မကြည့်ပါချေ။ သူမထိုစကားတစ်ခွန်းကိုပြောပြီးတာနဲ့ အခန်းထဲကလူတိုင်းကိုကျောခိုင်းပြီး ထမင်းစားပွဲရှေ့မှာ ထိုင်ချလာတယ်။ ပြီးတော့ လက်တစ်ဖက်နဲ့မေးထောက်ကာ ဘယ်သူမှမရှိသလိုမျိုး တစ်ရေးတစ်မော အိပ်ပျော်လို့သွားတယ်။

နင်နင်အစက ဘာတွေဖြစ်နေမှန်းမသိပေမဲ့ အခုတော့သဘောပေါက်လိုက်ရတယ်။

မေမေ့ရဲ့ဖျော်ဖြေမှုက စတင်ခဲ့ပြီဖြစ်တယ်။

မေမေကသူမရဲ့စိတ်ထဲမှာရှိတဲ့ ပိုင်ရှင်ရဲ့ပုံစံအတိုင်း စတင်တင်ဆက်နေတာပဲ။ ရလဒ်ကတော့... နင်နင် သူမရဲ့ဘေးမှာရပ်နေတဲ့ ရွာသူကြီးကို တစ်ချက်လှမ်းကြည့်လိုက်တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now