အခန်း ၁၃၈: ဘဝအော်ပရာဇာတ်ရုံ

1.8K 362 34
                                    

{Unicode}

အခန်း ၁၃၈: ဘဝအော်ပရာဇာတ်ရုံ

ထွင်လုံးဆိုပေမဲ့ ဒါရိုက်တာချန်က ပြီးပြည့်စုံနေအောင် စီစဉ်လို့ထားတယ်။

သူက ဝတ်စုံတွေအတွက် ဒီဇိုင်နာတစ်ယောက်မကကို လိုက်ရှာထားပြီး အားလပ်ရက်အနားယူနေတဲ့ လီရှန့်ကျူကိုပါ ပြန်လည်ဆင့်‌ခေါ်ထားခဲ့တယ်။ အခုလီရှန့်ကျူက သွေးတွေ ချွေးတွေ မျက်ရည်တွေကိုသုတ်ရင်း အခန်းကျဉ်းလေးထဲမှာ ဇာတ်ညွှန်းတွေထိုင်ရေးနေရပြန်တယ်။ ဇာတ်ညွှန်းအဆင့်သင့်ဖြစ်တာနဲ့ သရုပ်ဆောင်တွေက ရက်သုံးဆယ်အတွင်းမှာ စတင်လေ့ကျင့်ရတော့တယ်။

ဒီပြဇာတ်မှာ နင်နင်ပါဝင်ရမယ့်နေရာ သိပ်မရှိပါချေ။ စီစဉ်စရာရှိတာတွေ စီစဉ်ပြီးတော့ ဒါရိုက်တာချန် အပြင်ကိုခြေမချနိုင်သေးခင်မှာ နင်နင်သူ့ကိုမြန်မြန် ဖမ်းဆွဲထားရတယ်။ "ဒါရိုက်တာချန်၊ ဒီရုပ်ရှင်ရုံအပြင်အဆင်က ဘယ်သူ့အကြံလဲဆိုတာ မပြောပြရသေးဘူးနော်၊ ကျွန်မအခုရက်ပိုင်း အိမ်ပြန်ပြင်ပြီး အတွင်းပိုင်းအလှဆင်နေတာ၊ ဒီအပြင်အဆင်ကို တကယ်သဘောကျနေလို့..."

သူမချောင်ပိတ်တာကိုခံထားရတဲ့ ဒါရိုက်တာချန်လည်း အခြားရွေးချယ်စရာမရှိ‌တော့ဘဲ လိပ်စာတစ်ခုကိုပေးလာတယ်။

အဲ့ဒါကသူနဲ့ရင်းနှီးတဲ့လူတစ်ယောက်ဖြစ်တယ်။ အဲ့ဒီလူကို ဒါရိုက်တာချန်ပဲ သိတာမဟုတ်ဘဲ နင်နင်လည်း ကောင်းကောင်းကြီးကိုသိနေတယ်။

သူမလူခေါ်ဘဲလ်ကိုနှိပ်လိုက်တယ်။ အနက်ရောင်ချီဖောင် ဝတ်ဆင်ထားတဲ့ အသက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက တံခါးဖွင့်ပေးလာတယ်။ သူမရဲ့အသံက အားအင်ပြည့်ဝနေပြီး ယောက်ျားတစ်ယောက်ရဲ့ အငွေ့အသက်တွေ ရောယှက်လို့နေတယ်။ "မင်းက?"

"Cro..." crossdresserလီဆိုတဲ့စကားစုက သူမရဲ့ပါးစပ်ကနေ လွှတ်ကနဲ ထွက်သွားခါနီးဖြစ်သွားတယ်။ "ဆရာလီ၊ ကျွန်မက ဒါရိုက်တာချန်ရဲ့မိတ်ဆွေ၊ ကျောက်ယွိဖန်းလို့ ခေါ်ပါတယ်"

"အိုး မင်းပဲ" နာမည်ကြီးcrossdressing မိတ်ကပ်ပညာရှင်က သူမကိုအိမ်ထဲပေးဝင်လာတယ်။ သူကကျက်သရေပြည့်ဝတဲ့ အမူအရာနဲ့ လက်ဖက်ရည်ကရားကိုကိုင်ကာ သူမကိုပြောလာခဲ့တယ်။ "လောင်ချန်ငါ့ကိုပြောထားပြီးပြီ... မင်းလက်ဖက်ရည်အနီနဲ့ အစိမ်း၊ ဘာကိုပိုသဘောကျလဲ?"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now