အခန်း ၉၄: ရှေးဖြစ်ဟောကိန်း

2.1K 440 10
                                    

{Unicode}

အခန်း ၉၄: ရှေးဖြစ်ဟောကိန်း

ကလေးတစ်ယောက်ဆိုတာက အရမ်းကိုတားမြစ်ချက်များပြီး ခက်ခဲတဲ့ဇာတ်ကောင်ပဲဖြစ်တယ်။

အထူးသဖြင့်လေးနှစ်အရွယ် ကလေးလေးတစ်ယောက်က ကိုယ်ခန္ဓာပိုင်းဆိုင်ရာအားနည်းသလို ပြောတဲ့စကားနဲ့ ကိုယ့်ကိုယ်ကိုဖော်ပြနိုင်စွမ်းကလည်း အရမ်းကျဉ်းမြောင်းတယ်။ အနားမှာကြည့်ရှုစောင့်‌ရှောက်ပေးဖို့အတွက် အမြဲတမ်းလူကြီးတစ်ယောက်ရှိနေမှရတယ်။ လွတ်လပ်မှုကိုတော့ အစအနတောင်ရှာမရချေ။

ကလေးတစ်ယောက်က လူကြီးတစ်ယောက်လုပ်နိုင်တာတွေကို မလုပ်နိုင်သလို လူကြီးတစ်ယောက်ပြောတာတွေကိုလည်း မပြောနိုင်ပေ။

အခုအချိန်မှာနင်နင်သာ ယွီရှန်းကို ဖေရွှမ်နဲ့ပတ်သက်တာတွေပြောလိုက်ရင် သူမယုံမှာမဟုတ်ဘူးဆိုတာ ၁၀၀ရာခိုင်နှုန်းသေချာတယ်။ အဲ့ဒါကြောင့်မလို့နင်နင်က အခြားနည်းလမ်းတစ်ခုသုံးမှရမယ်။ ကလေးတစ်ယောက်ရဲ့ အထူးနည်းလမ်း။

နင်နင်ယွီရှန်းရဲ့ဘေးမှာ ဆောင့်ကြောင့်ထိုင်ချပြီး သူမလက်ထဲကဇာတ်ညွှန်းကိုကြည့်လိုက်တယ်။ "မမကဘာသရုပ်ဆောင်တာလဲ?"

"မမကဆရာမလုပ်ရမှာ" ယွီရှန်းကပြုံးပြီးပြန်ဖြေလာတယ်။

နင်နင်ဇာတ်ညွှန်းကိုစစ်ဆေးကြည့်လိုက်တော့ ဆရာမAလို့မှတ်ထားတဲ့အပိုင်းမှာ စာသားသုံးကြောင်းသာရှိတာကို တွေ့လိုက်ရတယ်။

[ဘယ်လိုမက်လို့လဲ]

[အိပ်မက်လေးပါပဲ၊ ဆရာမတကယ်မသေပါဘူး]

[အား!]

အဲ့ဒါကစက္ကန့်ပိုင်းလောက်သာပါပြီး အသေဆိုးနဲ့သေရမယ့် ဇာတ်ကောင်တစ်ခုပဲ။

သူမကဇာတ်လိုက်အမျိုးသမီးရဲ့ မူကြိုဘဝတုန်းက ဆရာမအဖြစ်သရုပ်ဆောင်ရမှာဖြစ်တယ်။ ဇာတ်လိုက်အမျိုးသမီးက တစ်နေ့မှာသူမရဲ့သေဆုံးမှုကို အိပ်မက်မက်ခဲ့ပြီး နောက်တစ်နေ့မှာ သူမကိုပြောပြခဲ့တယ်။ ဒါပေမဲ့သူမကမယုံကြည်ခဲ့ပေ။ အဆုံးမှာတော့ သူမခေါင်းမော့လိုက်တဲ့အချိန်မှာ ပန်းအိုးပြုတ်ကျလာတာကိုတွေ့ပြီး သေဆုံးသွားရတော့တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now