အခန်း ၂၅: အစစ် သို့မဟုတ် အတု

3.2K 647 54
                                    

{Unicode}

အခန်း ၂၅: အစစ် သို့မဟုတ် အတု

သူမထိန်းချုပ်နိုင်စွမ်းဆုံးရှုံးသွားပြီ။

နင်နင်ကချန်ကွမ်းချောင်ရဲ့ခါးပေါ်မှာထိုင်နေတယ်။ သူမလုပ်တာကမှားနေတယ်ဆိုတာကို သူမသိတယ်။ သူမရပ်တန့်ချင်ပေမဲ့ ရပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ချူနင်အာရဲ့ပုံရိပ်က သူမရဲ့အနောက်မှာပေါ်လာခဲ့ပြီဖြစ်လို့ပဲ။

ချူနင်အာရဲ့မီးကျွမ်းထားတဲ့လက်တွေက အနောက်ကနေဆန့်ထွက်လာပြီး သူမရဲ့လက်တွေပေါ်ကိုအုပ်မိုးကာ ချန်ကွမ်းချောင်ရဲ့လည်ပင်းကို ရက်ရက်စက်စက်ညှစ်လို့နေတယ်။

"ဟင့်အင်း!" နင်နင်သူမရဲ့နှလုံးသားထဲမှာအော်ဟစ်လိုက်တယ်။ "ဟင့်အင်း! ငါဒီလိုလုပ်လို့မရဘူး!"

"ဘာကအရေးပါလို့လဲ?" ချူနင်အာကသူမရဲ့မေးစေ့ကို နင်နင်ရဲ့ပုခုံးပေါ်မှီထားတယ်။ သူမကပိုပိုပြီးအစစ်အမှန်နဲ့တူလာတယ်။ ချူနင်အာရဲ့မေးစေ့က သူမရဲ့ပုခုံးပေါ်ကိုထိုးစိုက်ထားတဲ့နာကျင်မှုကို‌တောင် နင်နင်ခံစားမိလာတယ်။ "ဒါကရုပ်ရှင်လေးပဲကို၊ နင်ကြိုက်သလိုလုပ်လို့ရတယ်၊ နင်သူ့ကိုသတ်လိုက်လည်းကိစ္စမရှိဘူး၊ သူကအစစ်မှမဟုတ်တာ"

"ငါ့အတွက်စဉ်းစားပေးသလို လာဟန်ဆောင်မနေနဲ့!" နင်နင်ဒေါသတကြီးပြောလိုက်တယ်။ "နင်ကငါ့ကိုအသုံးချပြီး ချန်ကွမ်းချောင်ကိုသတ်ချင်နေတာ၊ သူကချန်ကျွင်းယန့်ရဲ့မြေးဖြစ်နေလို့!"

ခဏလောက်တိတ်ဆိတ်သွားပြီးတဲ့နောက်မှာ ချူနင်အာကအေးစက်စက်ရယ်လာတယ်။ "ဟုတ်တယ်၊ ငါသူ့ကိုသတ်ပစ်ချင်တယ်! ငါသာအသက်ရှင်နေသေးရင် ငါ့မြေးလည်းသူ့အရွယ်လောက်ပဲရှိလောက်ပြီ၊ ငါသာအသက်ရှင်နေသေးရင်..."

အဲ့ဒီစကားလုံးတွေနဲ့အတူပွင့်အံကျလာတဲ့ သူမရဲ့နာကျည်းမှုက နင်နင်ရဲ့လက်တွေကနေတစ်ဆင့်စီးဆင်းသွား‌ပြီး ချန်ကွမ်းချောင်ရဲ့လည်ပင်းကို ပိုပြီးပြင်းပြင်းထန်ထန်ညှစ်လာတယ်။

နင်နင်ကခဏလောက်အထိကို မလိုမုန်းထားတဲ့အမူအရာမျိုးတပ်ဆင်ထားပြီး အချိန်အနည်းငယ်ကြာမှ ခေါင်းကိုခက်ခက်ခဲခဲလှည့်ကာ နင်ယွီရန်ကိုရုန်းကန်ရင်းပြောလိုက်တယ်။ "ငါ့ကိုတား"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now