အခန်း ၁၃၃: ပရိယာယ်

2.2K 432 37
                                    

{Unicode}

အခန်း ၁၃၃: ပရိယာယ်

ရက်အနည်းငယ်ကြာပြီးနောက် ရိုက်ကွင်းထဲတွင်။

"ဂျူးလိယက်" ချန်ရွှမ်းဟယ်က အနည်းငယ်စောင့်နေပြီး ခေါင်းလှည့်ကာ ထပ်ပြောလာတယ်။ "မင်းကိုခေါ်နေတာ"

အဲ့အချိန်ကျမှာ နင်နင် သတိပြန်ကပ်လာခဲ့တယ်။ သူမအာမေဍိတ်သံပြုကာ ကော်ဖီခွက်ကို လက်ထဲမှာကိုင်ရင်း သူ့အနား လျှောက်သွားလိုက်တယ်။

ချန်ရွှမ်းဟယ်က သူမကိုကြည့်လာတယ်။ သူမကအနည်းငယ် တွေဝေမိန်းမောနေပုံပေါ်တယ်။ သူကော်ဖီပေါ်က အငွေ့တွေပျောက်သွားတဲ့အထိစောင့်ပြီး လက်ခါပြလာခဲ့တယ်။ "မင်းအခုငါ့ကိုတောင် မသိမ်းသွင်းနိုင်တာ၊ ဂျူးလိယက်ရဲ့အဖေကို ဘယ်လိုလှည့်စားမလို့လဲ?"

သူ့လက်နဲ့တိုက်မိသွားတာကြောင့် ကော်ဖီခွက်က ကြမ်းပြင်ပေါ်မှောက်ကျလာပြီး ကွဲကြေသွားခဲ့တယ်။ နင်နင်ဒူးထောက်ချကာ ဖန်ကွဲစတွေကိုကောက်ဖို့ပြင်လိုက်ပေမဲ့ ချန်ရွှမ်းဟယ်ကသူမကိုဆွဲထူပြီး မျက်မှောင်ကြုတ်ကာမေးလာခဲ့တယ်။ "မင်းအခုဘာလုပ်နေတာလဲ?"

"ကြမ်းပြင်ကညစ်ပတ်နေလို့ သန့်ရှင်းရေးလုပ်ပေးဖို့..." နင်နင်ကခေါင်းကိုနိမ့်နိမ့်ငုံ့ပြီး ခပ်တိုးတိုးဖြေလာခဲ့တယ်။

ချန်ရွှမ်းဟယ်က ဟက်ခနဲရယ်လာတယ်။ သူပြီးတော့ သူမရဲ့မေးကိုပင့်ပြီး သူ့အနားဖြည်းဖြည်းချင်းဆွဲကပ်ကာ ညင်ညင်သာသာပြောလာတယ်။ "မင်းကဂျူးလိယက်၊ ရွှေဇွန်းကိုက်ပြီးကြီးပျင်းလာတဲ့ သခင်မလေးတစ်ယောက်က ဒီလိုမျိုးအစေခံတွေ လုပ်ရတဲ့အလုပ်ကို လုပ်စရာလိုမှာလား?"

"တောင်းပန်..." သူမရဲ့ပါးစပ်ထဲကနေ ထိုစကားလုံးနှစ်လုံးထွက်လာတာနဲ့ ချန်ရွှမ်းဟယ်ကသူမကို ကြမ်းပြင်ပေါ် ရက်စက်စွာပစ်ချလာတယ်။ ခုနတုန်းက ညင်သာမှုကို အခုဘယ်မှာမှမတွေ့ရတော့ချေ။ သူက အင်မတန်အေးစက်တဲ့ အမူအရာနဲ့ သူမကိုငုံ့ကြည့်လာတယ်။

"မနက်ဖြန်ကျရင် ဂျူးလိယက်ရဲ့အဖေနဲ့တွေ့ရမယ်" ချန်ရွှမ်းဟယ်က အေးစက်စွာပြောလာခဲ့တယ်။ "မင်းသူ့ကိုမလှည့်စားနိုင်ရင် ငါသေရလိမ့်မယ်၊ ဒါပေမဲ့ ငါတစ်ယောက်တည်း အသေခံမှာမဟုတ်ဘူး၊ မင်းကိုပါဆွဲခေါ်သွားမယ်"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now