🍇Intro🍇

5.3K 271 14
                                    

Darkness

Gong - ကျူရန့်

Shou - ဝမ်ချန်း

ဝမ်ချန်းတို့ ဘိုးဘွားတွေဟာ ခေတ်အဆက်ဆက် သရဲနှိမ်နင်းသော အလုပ်ကို လုပ်ကိုင်ခဲ့ကြသည်။ ဝမ်မိသားစုသည် ချမ်းသာပြီး နာမည်ကြီးသော မိသားစုကြီးတစ်ခု ဖြစ်သော်လည်း အတွင်းပိုင်းကတော့ တစ်ယောက်နဲ့တစ်ယောက် စောင်းမြောင်းတိုက်ခိုက်မှုတွေ များလှသည်။

ဝမ်ချန်း၏အဖေသည် ဖခင်လမ်းအတိုင်း သရဲနှိမ်နင်းခြင်းအလုပ်ကို မလုပ်ဘဲ သူ့ဘာသာ စီးပွားရေးကုမ္ပဏီတစ်ခု ခွဲထောင်ထားလေသည်။

ဝမ်ချန်းအသက်၅နှစ်အရွယ်တွင် ထူးခြားမှုတစ်ခု ဖြစ်သွားခဲ့သည်။ အဖိုးဖြစ်သူ ဖမ်းမိခဲ့သော သရဲတစ်ကောင်က ဝမ်မိသားစုအား ကျိန်စာတစ်ခုတိုက်ခဲ့၏။ ထိုကျိန်စာကြောင့် ဝမ်ချန်းလေးသည် ညနေ၆နာရီကနေ မနက်၆နာရီအထိ သရဲတွေကို မမြင်နိုင်သော မျက်မမြင်လေး ဖြစ်လာခဲ့သည်။

သရဲမှမဟုတ်.....ညပိုင်းရောက်လျှင် ဘာဆိုဘာမှ မမြင်ရတော့ပေ။

ရုတ်တရက် အမှောင်ထုထဲက အေးစက်နေတဲ့ လက်တစ်ဖက်က ဝမ်ချန်းရဲ့ဆန့်တန်းနေတဲ့ လက်ကလေးကို ဆုပ်ကိုင်၍ မေးလာသည်။

"ကိုယ်ဒီမှာ..... မင်းရေဆာလို့လား?"






Darkness

Gong - ကျူရန့်

Shou - ဝမ်ချန်း







Darkness (Complete)Where stories live. Discover now