🍇EP (42)🍇နတ်ဆိုးတွေထွက်မသွားတော့ဘူး

1K 127 2
                                    

Darkness

(42)
[နတ်ဆိုးတွေထွက်မသွားတော့ဘူး]

ဝမ်ရိုအယ်နဲ့ တွေ့ဆုံပြီးနောက်ထပ် နတ်လက်နက်တစ်ခုရဲ့ တည်နေရာကို နောက်အပတ်ဆို သိနိုင်တော့မှာဖြစ်ကြောင်း ပြောလာတာကြောင့် ဝမ်ချန်းတို့လည်း ကြိုးစား လေ့ကျင့်ကြရတော့သည်။

ဝမ်မိသားစုက လက်နက်ရသွားတဲ့ ကျားဝူအတွက် ဓားသိုင်းစာအုပ်တစ်အုပ် ထုတ်ပေးသည့်အပြင် ကျန်းရှီလည်း လှံတစ်ချောင်း ရလာတဲ့အတွက် သူ့အတွက်လည်း သီးသန့်ကျင့်ကြံဖို့ စာအုပ်ရ၏။

ရှစ်လော့နဲ့ စူးယွင်ကတော့ ကုသသူနဲ့ ဝိညာဥ်ဖျက်စီးသူတွေမို့ သူမတို့အတွက် ကျင့်စဥ်စာအုပ်တွေက တူညီကြသည်။ စူးလန်ကလည်း လေးတစ်ချောင်း ရ၏။

ဝမ်ချန်းနဲ့ လင်ကျိုရန်းကတော့ လက်နက်မရှိဘဲ သူကတော့ အစီအရင်အဆင့်သာ တဖြည်းဖြည်း မြင့်တက်လာသည်။ ကျောက်ချီတစ်ယောက်သာလျှင် သူ့ရဲ့ စွမ်းအင်အဆင့်ကို ကျော်ဖြတ်ပြီးနောက် ရရှိလာတဲ့ အရာက စာအုပ်တစ်အုပ် ဖြစ်နေသည်။

သို့သော်လည်း စာအုပ်က သာမန်တော့မဟုတ်။ စာအုပ်ထဲတွင် စွမ်းအင်ထုတ်နိုင်သော သတ္တဝါပုံများ ပါဝင်ပြီး ဒဏ္ဍာရီလာ အကောင်များပင် ပါဝင်သေးသည်။

ကံမကောင်းစွာနဲ့ ဝတုတ်လေး ကျောက်ချီသည် ထိုဒဏ္ဍာရီလာ အကောင်များကို ဆင့်ခေါ်နိုင်စွမ်း မရှိသေးချေ။

သူတို့အားလုံး ၂ပတ်ကြာပြီးနောက်တွင် မြေအောက်ခန်းရှိ တံခါးပိတ်ထားသော အခန်းတွေထဲမှ ထွက်လာခဲ့၏။ အပြင်မှာတော့ သူတို့ကို ကြိုဆိုနေတဲ့ စားစရာစားပွဲ တစ်လုံး။

၂ပတ်လုံးလုံး ဘာမှမစားခဲ့ရတဲ့ လူငယ်တွေသည် ထိုစားပွဲဆီသို့ အလုအယက် ပြေးကြပြီး အားပါးတရ ဗိုက်ဖြည့်ကြတော့သည်။ ခဏနေဆို ဒုတိယမြောက် နတ်လက်နက်ဆီကို ခရီးဆက်ရတော့မယ်လေ။

ဝမ်ချန်း သူတို့ကို အပြုံးတွေနဲ့ ဧည့်ခံနေသော ဝမ်မားမားကို မော့ကြည့်လိုက်ကာ။

"မား.... ကျူရန့်ရော?"

ဝမ်မားမားလည်း တောင်တန်းအရှင်ကို နာမည်တပ်ခေါ်နေသော သားဖြစ်သူကို မျက်တောင်တွေ ပုတ်ခတ်ကာ ကြည့်လိုက်သည်။ သူမက ဝမ်ချန်းရဲ့ခုံအနောက်တွင် ရပ်လျက် ဝမ်ချန်းပုခုံးပေါ် သူမလက်တွေ တင်ထား၏။

Darkness (Complete)Where stories live. Discover now