🍇EP (10)🍇အားမန်....

1.2K 184 1
                                    

#Darkness

🍇(10)🍇
[အားမန်.....]

စူးလန် ဖယောင်းတိုင်တစ်ချောင်းကို ပြေးယူလိုက်သည်။

"ဘာလုပ်မှာလဲ?"

"စူးလန် မင်းဘာလုပ်မလို့လဲ?"

စူးလန်က သူတို့ဘက်ကို ကြည့်လိုက်သည်။

"စမ်းကြည့်မလို့လေ"

စူးယွင် ထိတ်လန့်သွားကာ သူ့အစ်ကိုကို ပြေးဆွဲမည်အလုပ် စူးလန်သည် တံခါးပေါက်ကို အနည်းငယ်ဖွင့်၍ ဖယောင်းတိုင်အား ထုတ်လိုက်သည်။ လူကိုယ်တိုင်တော့ မထွက်ဘဲ ဖယောင်းတိုင်နဲ့ လက်ကိုပဲ ထုတ်ခြင်းဖြစ်၏။

ဖယောင်းတိုင်မီးက အနည်းငယ် လှုပ်ခါသွားပြီးတော့ မီးရောင်အောက်မှာ မြူတွေက တဖြည်းဖြည်း နောက်ဆုတ်သွားတာ အံ့ဩစွာ တွေ့လိုက်ရသည်။

"ဒါ....."

"ဘယ်လိုဖြစ်တာလဲ?"

စူးလန် သူ့သူငယ်ချင်းများကို ပြန်ကြည့်လိုက်သည်။ ကျားဝူ ကျန်းရှီနဲ့ ကောင်လေးတစ်ယောက်ကလည်း နောက်ထပ် ကျန်ရှိတဲ့ ဖယောင်းတိုင်များကို ပြေးဆွဲ၍ စူးလန်ဘေးကို ပြေးသွားလိုက်သည်။

ဖယောင်းတိုင်မီးရောင်က အားကောင်းလေလေ မြူတွေက တဖြည်းဖြည်း နောက်ပိုဆုတ်သွားလေလေပင်။ ခဏအတွင်း လူတိုင်းရဲ့ ရင်ထဲမှာ မျှော်လင့်ချက်များ ပြည့်လျှံလာသည်။

ထိုစဥ် လေအေးတစ်ချက် တိုက်ခတ်သွားရာ ဖယောင်းတိုင် ၂ခုမီးငြိမ်းသွားသည်။ သရဲက သူတို့ကို နှောက်ယှက်နေတာပဲ။ နားလည်သွားတဲ့ ကျားဝူသည် အထဲပြန်ဝင်၍ တံခါးပိတ်လိုက်သည်။

ငြိမ်းသွားတဲ့ ဖယောင်းတိုင်ကို အသာထားကာ။

"ဒီအိမ်ထဲမှာ ဖယောင်းတိုင်တွေ ထပ်ရှိဦးမလား....ရှာကြည့်ရအောင်"

"အင်း"

"ဟုတ်တယ် ရှာကြည့်မယ်"

ရှစ်လော့ -"ဒါပေမဲ့ ငါတို့ဖယောင်းတိုင်မီးနဲ့ အပြင်ထွက်လို့ မရဘူးလေ ဟုတ်တယ်မလား....ငါတို့မီးထွန်းထားလည်း သူတို့က လေနဲ့ မှုတ်ပစ်မှာ"

စူးယွင် -"ဟုတ်သားပဲ....ငါတို့ ဘယ်လိုလုပ်ကြမလဲ"

ကျန်းရှီ -"ဖယောင်းတိုင်ကို ကာလို့လည်းရ မီးလည်းမငြိမ်းနိုင်မယ့် မီးအိမ်ဖြစ်ဖြစ် တစ်ခုခုလိုအပ်တယ်.... ငါတို့အဲဒါအတွက် စီစဥ်ကြမယ် မင်းတို့က ဖယောင်းတိုင်ရှာကြ"

Darkness (Complete)Where stories live. Discover now