🍇EP (14)🍇မင်းကိုယ့်ကိုရောယုံလား?

1.2K 165 0
                                    

Darkness

(14)
[မင်း ကိုယ့်ကိုရော ယုံလား]

တစ်ဖက်တွင်တော့ ဝမ်ချန်းသည် စာထဲကို အာရုံစိုက်ဖို့ အနည်းငယ် ခက်ခဲနေသည်။ အကြောင်းမှာ သူ့ဘေးက ကျောက်ချီကို ထူးထူးဆန်းဆန်း မိတ်လာဖွဲ့နေတဲ့ မိန်းကလေးကြောင့်ပင်။

ဝတုတ်ကျောက်ချီကို အရင်ကဆို အခန်းထဲက မိန်းကလေးတွေဟာ ဝက်ကြီး ဝက်ကြီးဆိုပြီး စနောက်လှောင်ပြောင်ကြ၍ စကားပင် လာမပြောကြဘဲ အခုမှလာပြီး စကားဖောင်ဖွဲ့နေ၏။ အကြောင်းကတော့ ကျောက်ချီကို သူမတို့အနုပညာ activity အတွက် စန္ဒယားတီးစေချင်တာ။

ကျောက်ချီမှာ အလွန်ဝသော်လည်း စန္ဒယားတီးခတ်တဲ့ နေရာမှာတော့ အင်မတန် ကျွမ်းကျင်သည်။ ကျောက်ချီလည်း ထူးဆန်းတယ်လို့ ခံစားရလို့ သူ့ဘေးက ဝမ်ချန်းအား ခေါင်းစောင်းကြည့်လိုက်သည်။

"ထူးဆန်းတယ်နော်...."

ကျောက်ချီ ပါးစပ်လှုပ်ရုံကလေး ပြောသည်။ ဝမ်ချန်းကလည်း အကြည့်နဲ့ ခေါင်းညိတ်ပြ၏။

"ငါဘာလုပ်သင့်လဲ?"

"ငြင်းလိုက်...."

ဝမ်ချန်းအား အသံတိုးတိုးနဲ့ ဖြေသည်။ ကျောက်ချီက အစားမတ်ပေမယ့် မိန်းကလေးတွေကို ကျူတဲ့နေရာမှာတော့ ဝါသနာမပါချေ။ ဒါ့အပြင် ဝမ်ယိုအယ်ပြောခဲ့တဲ့ စကားတွေက သူ့ခေါင်းထဲ ရိုက်သွင်းခံထားရသလို စွဲနေလို့ သတိကြီးကြီး ထားနေသည်။

"ဆောရီးပါ.... ငါမလုပ်နိုင်ဘူး"

ကောင်မလေးက နှုတ်ခမ်းဆူသွားသည်။

"ဟွန်း.... ဘာလို့လဲ?"

ကျောက်ချီပုခုံးတွန့်၍။

"ငါအခုကစပြီး ငါ့မားမားစိတ်ချမ်းသာအောင် စာကြိုးစားတော့မလို့လေ....ဒီမှာတွေ့လား?"

သူစောစောကကြည့်နေတဲ့ စာအုပ်ကို ကောင်မလေးရှေ့ ထောင်ပြလိုက်သည်။

"ငါလေ့လာနေတာ တွေ့တယ်မလား...."

"ဒါပေမဲ့ နင်ခဏလေးပဲ လာရမှာလေ"

"ဒီကျောင်းမှာ ငါ့ထက်အတီးကောင်းတဲ့ လူတွေမှ အများကြီးပဲ... ငါ့လိုဖက်တီးသာ တီးရင် မင်းတို့ပြပွဲကို ဘယ်သူမှတောင် လာကြည့်မှာမဟုတ်ဘူး.... ပြီးတော့ ငါအခုကစပြီး စာကြိုးစားတော့မှာ ဘယ်လှုပ်ရှားမှုထဲမှ ဝင်မပါဘူး အိုကေ??"

Darkness (Complete)Where stories live. Discover now