🍇EP (17)🍇လူသားကျင့်ကြံသူတွေ ထွက်ပေါ်လာမှာလား

1.1K 147 1
                                    

Darkness

(17)
[လူသားကျင့်ကြံသူတွေထွက်ပေါ်လာမှာလား]

လူကြီးသည် မိန်းကလေးရဲ့ စကားကိုကြားတော့ ပျက်ရယ်ပြုလေ၏။

"စည်းကမ်း? ဟား?? မင်းပါးစပ်က စည်းကမ်းဆိုတာကို ပြောနေစရာမလိုဘူး... မင်းတို့ခေါင်းဆောင် ဘယ်မှာလဲ ငါသူနဲ့ပြောမယ်"

"ကျွန်မကို ကျော်သွားနိုင်ရင် ရမယ်"

"ဟားဟားဟား... သတ္တိက တကယ်ကောင်းပါလား??"

လူကြီးက သူ့လက်ထဲက မနက်စာကို ဗုန်းကနဲ ပစ်ချပစ်ပြီးနောက် မိန်းကလေးရဲ့ပါးကို လွှဲရိုက်လိုက်သည်။ ထိုစဥ် မကြည့်ရက်သော လူတချို့ကလည်း လှုပ်ရှားဖို့ ပြင်လိုက်၏။

ဒါပေမဲ့ ဘယ်သူကထင်မှာလဲ။ ထိုမိန်းကလေးက လူကြီးရဲ့လက်ကောက်ဝတ်ကို ဖမ်းဆွဲထားပြီး တစ်ချက်ဆွဲလှည့်လိုက်သော် လူကြီးသည် အရုပ်ကလေးလို တစ်ပတ်လည်သွားလေ၏။

ထို့နောက် မိန်းကလေးက ခြေထောက်မြှောက်ပြီး တစ်ဖက်လူရဲ့ ဒူးကောက်ကွေးကို ခပ်ပြင်းပြင်း ကန်လိုက်တာကြောင့် ဒူးထောက်ရက် လဲကျသွားတော့သည်။

"အား...."

"လူကြီးမင်း သေချာနားထောင်ပါ... ကျွန်မတို့တွေက ရှင့်ထက်အားသန်တဲ့ နတ်ဆိုးတွေနဲ့တောင် ရင်ဆိုင်လာခဲ့တာ... ရှင့်လက်သီးက ပန်းပွင့်လိုပဲ ပျော့လွန်းတယ်...."

"မင်း!"

မိန်းကလေးက ထိုလူကြီးကို လွှတ်ပေးလိုက်သည်။

"ရှင့်အတွက် မနက်စာကတော့ ကြမ်းပြင်ပေါ် ရောက်သွားပြီ.... ပြန်ကောက်စားချင်စား မစားချင်ရင် အခန်းထဲ ပြန်လို့ရတယ်"

လူကြီးသည် တဂွတ်ဂွတ် ဒေါက်ဖိနပ်သံ ထွက်သွားရာဖက်ကို စူးစူးဝါးဝါး စိုက်ကြည့်ပြီးနောက်တွင် သူ့ဘေးက ပေပွသွားတဲ့ ဗန်းကို ကန်ထုတ်ပစ်ကာ ထွက်သွားတော့သည်။

စူးယွင် -"မိုက်လိုက်တာ...."

ကျောက်ချီကတော့ သူ့ဘေးက ဝမ်ချန်းအားလက်တို့၍။

"မင်းတို့ ဝမ်အိမ်က တပည့်တွေ အကုန်လုံးက အဲ့လိုတွေလား??"

ဝမ်ချန်းမှ ဘာမှအံ့သြပုံမပေါ်ဘဲ ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြသည်။ အမှန်တကယ် အပြင်လူတွေ မသိနိုင်သေးတဲ့ ဝမ်မိသားစုအကြောင်းတွေက ရာနဲ့ချီ ရှိနေသေးပါ၏။

Darkness (Complete)Opowieści tętniące życiem. Odkryj je teraz