🍇EP (24)🍇အသေခံမှာမဟုတ်

1K 144 3
                                    

Darkness

(24)
[အသေခံမှာမဟုတ်]

ဖမ်းမိထားသော နတ်ဆိုးတစ်ပိုင်းများကို အစီအရင်ထဲ ပစ်ထည့်လိုက်သည်နှင့် အားလုံး ငြိမ်ကျသွား၏။ သို့သော်လည်း နတ်ဆိုးတစ်ပိုင်းများက မနည်းလှချေ။

ထို့ကြောင့် အပြင်တပည့်များလည်း တိုက်သာတိုက်နေရပြီး ဖမ်းဖို့လက်မအားတော့ပေ။ ကျားဝူ သူ့အဖွဲ့သားတွေကို တစ်ချက်ကြည့်လိုက်သည်။

"ငါသွားကူလိုက်မယ်... မင်းတို့တောင့်ခံထားပေး!"

ရှီးယွင် -"အင်း ရတယ်..."

ရှစ်လော့ -"ကိစ္စမရှိဘူး!"

ကျန်းရှီ -"ငါလည်းလိုက်မယ်"

ဝမ်ချန်း -"သတိထားကြ!"

ကျားဝူနှင့် ကျန်းရှီတို့ အစီအရင်ထဲမှ ထွက်သွားသည်။ အားလုံးက အဆင့်နိမ့်သေးတဲ့ ငယ်သားတွေမို့ နှစ်ယောက် ထွက်သွားသောအခါ သူတို့အပေါ်မှာ လည်နေတဲ့ ကြယ်ပုံသဏ္ဌာန် အစီအရင်က ချက်ချင်းကြီး လေးလံလာတော့သည်။

ဝမ်ချန်းတို့လည်း ချက်ချင်း အားတင်လိုက်ရသည်။ ကြယ်အစီအရင်လည်း အောက်ကိုပြန်ကျလာခါနီးမှ တစ်ဖန်အပေါ် ပြန်တက်သွား၏။

'ချန်းအာ.... တောင့်ခံထား! နတ်ဆိုးတွေ ကိုယ့်ကိုအာရုံခံမိသွားမှာ စိုးလို့ လောလောဆယ်တော့ ကိုယ်မင်းကို မကူညီနိုင်သေးဘူး'

အစီအရင်က လေးလံသော ကျောက်တုံးကြီး ဖိထားသလိုပဲ သူ့လက်ချောင်းတွေကို တုန်ရီလာစေသည်။ ဒါကိုတော့ သူတောင့်ခံထားရမည်။ ကျားဝူနဲ့ ကျန်းရှီတို့ ဝင်တိုက်ခိုက်ကူလို့ နတ်ဆိုးတစ်ပိုင်းများကို ဖမ်းဆီးဖို့ အဆင်ပြေလာသည်။

တစ်ဖက်မှာလည်း မုန့်ရွှမ်နဲ့ အဆင့်၃နတ်ဆိုးတို့ရဲ့ တိုက်ပွဲက ပြင်းထန်နေသည်။ မုန့်ရွှမ်ရဲ့ ကြာပွတ်ရိုက်ချက်တွေက လူသတ်တော့မယ့်အတိုင်းပဲ တစ်ချက်ရိုက်လိုက်တိုင်း အသံကျယ်ကြီး ထွက်ပေါ်လာသည်။

နတ်ဆိုးတစ်ပိုင်း ဘယ်လိုပဲ ရှောင်နေပါစေ မုန့်ရွှမ်လက်က ပြေးမလွတ်ချေ။ သိပ်မကြာလိုက်။ မုန့်ရွှမ်ကြာပွတ်က နတ်ဆိုးတစ်ပိုင်းရဲ့ ပုခုံးတစ်ဖက်ပေါ်ကို မိမိရရ အားပြင်းပြင်း ရိုက်ချမိသွားသည်။

Darkness (Complete)Where stories live. Discover now