🍇EP (11)🍇လွတ်မြောက်ခြင်း

1.2K 183 3
                                    

Darkness

(11)
[လွတ်မြောက်ခြင်း]

စူးယွင် သူမနှုတ်ခမ်းတို့ကို အုပ်ထားလိုက်သည်။ သူမ အားမန်အတွက် အင်မတန် စိတ်မကောင်းဖြစ်မိ၏။ အားမန်က ဗိုက်ဖောက်ခံရတော့မယ့် အချိန်မှာ သူ့ဗိုက်က နာကျင်နေတာတောင် သူတို့အတွက် ဖယောင်းတိုင်တွေ ရှာသွားပေးသေးသည်။

ကျားဝူ -"အားမန်က...သူ့ပိုးအိတ်ထဲက စာကို သူ့အမေကို ပေးဖို့တောင်းဆိုသွားတယ် ပြီးတော့ သူငါတို့အတွက် ထွက်လမ်းရှာပေးထားတယ်တဲ့... တစ်ဝက်ပဲမှီနိုင်လို့ ကျန်တဲ့လမ်းတစ်ဝက်ကို ငါတို့ဘာသာ ဆက်လျှောက်ရမယ်တဲ့"

ကျားဝူ ပြောပြီးနောက် မျက်လုံးစုံမှိတ်လိုက်သည်။ သူက ဖုန်းကို သူပိုးအိတ်ထဲ ထည့်လိုက်သည်။

"ဖယောင်းတိုင်တွေယူကြ.... အားမန်က ငါတို့အတွက် အပင်ပန်းခံပေးသွားတယ် ငါတို့လုံးဝ သေလို့မဖြစ်ဘူး"

ကျန်းရှီက ပထမဦးဆုံး ခေါင်းညိတ်လိုက်ကာ ဖယောင်းတိုင် နှစ်ချောင်း ယူလိုက်သည်။ သူက ရှစ်လော့နဲ့ တခြားလူတွေကိုလည်း ဝေပေးလိုက်၏။

ကျောင်းသားများမှာ အားမန် ထားပေးခဲ့တဲ့ ဖ​ယောင်းတိုင်များကို ကိုင်လျက် မျက်ရည်တဝဲဝဲဖြင့်။ ဖယောင်းတိုင်များကို သိမ်းကာ မြူထဲကို စတင်တိုးဝင်လာခဲ့သည်။ အားမန်ရှာပေးခဲ့တဲ့ လမ်းကြောင်းက သွေးစီးကြောင်းသာ။

အားမန်က သူမသေခင် လင်းကျိုရန်း ဆွဲထားတဲ့ မြေပုံအတိုင်း သွေးစီးကြောင်းနဲ့ လမ်းဖောက်ပေးသွားလို့ သူတို့အားလုံး ခပ်မြန်မြန် ပြေးလို့ရလေသည်။

သူတို့ပြေးနေကြပေမယ့် အားမန်ရဲ့သွေးကို လုံးဝ တက်မနင်းကြဘူး။ အားမန်က သူတို့အတွက် သေခါနီးအထိ စဥ်းစားပေးသွားတာ ဒီနေရာမှာ သေသွားလို့ လုံးဝ မဖြစ်ဘူး။

ပြေးရင်းလွှားရင်း သူတို့ကိုလိုက်နေတဲ့ အရိပ်တချို့ရှိကြောင်း ခံစားရသည်။ အားမန်ရဲ့ သွေးစီးကြောင်းက သေးငယ်ပြီး ရှည်လှရာ အားမန်တစ်ယောက် တဖြည်းဖြည်း ပေါက်ပြဲလာတဲ့ ဗိုက်ကိုကိုင်ရင်း လမ်းရှာနေတဲ့ ပုံရိပ်တွေက သူတို့မျက်လုံးထဲ ဝင်လာခဲ့၏။

Darkness (Complete)Where stories live. Discover now