🍇EP (13)🍇နတ်ဆိုးရဲ့မာယာ

1.3K 178 7
                                    

Darkness

(13)
[နတ်ဆိုးရဲ့မာယာ]

စနေ တနင်္ဂနွေ ကျောင်းပိတ်ရက် ကျော်လွန်သော် ဝမ်ချန်းတို့လည်း ကျောင်းပြန်တက်ရတော့သည်။ ကျောင်းကိုတော့ ဝမ်ယိုအယ်က သူမကိုယ်တိုင်က လိုက်ပို့ပေး၏။

ဝမ်ချန်းတို့ တက္ကသိုလ်က rankမြင့်တဲ့ ကျောင်းဖြစ်လို့ စည်းကမ်းလည်း တင်းကြပ်သည်။ ကျောင်းဆောင်နေသူများက အစောပြန်လာ၍ ကိုယ့်အခန်းကို သန့်ရှင်းရေး လုပ်ကြရသေးသည်။

ထို့ကြောင့် ဝမ်ချန်းလည်း ကျောင်းဖွင့်တဲ့နေ့မှာ မနက်အစောကြီး ထလာခဲ့ရသည်။ ဝမ်ယိုအယ်က အကာအကွယ် အဆောင်ကြိုးကို လုံးဝ မဖြုတ်ဖို့ အထပ်ထပ် မှာသွားသည်။

ဝမ်ချန်းလည်း ခဏခဏ ခေါင်းညိတ်ပြရင်း ကတိပေးလိုက်သည်။

'ကိုယ်ရှိနေရင် အဲဒီကြိုးကြီး မလိုပါဘူးကွာ....'

ဝမ်ချန်း နှာမှုတ်လိုက်သည်။

"ခင်ဗျားက ဒီကြိုးကို မကြောက်ဘူးပေါ့"

'လုံးဝပဲ....'

"ဒါဆို ခင်ဗျား ဘာကြောက်လဲ??"

'ကိုယ့်ဆန္ဒတွေ မပြည့်သေးဘဲ ပျောက်ကွယ်သွားရမှာ'

ဒီတစ်ခါမှာတော့ သရဲကျူရန့်က ခပ်သွတ်သွတ်ကလေး ဖြေလာ၏။ အခန်းရှေ့ရောက်လို့ တံခါးလှည့်ဖွင့်တော့မယ့် ဝမ်ချန်းပင် လှုပ်ရှားမှုများ ရပ်တန့်သွားသည်။

သရဲကျူရန့်ရဲ့ ဆန္ဒက လူတစ်ယောက်ရဲ့ဘေးမှာ တစ်သတ်လုံး နေပေးချင်တာတဲ့။ သူအ​ကြောက်ဆုံးကလည်း အဲဒီလူရဲ့ဘေးက ထွက်ခွာသွားရမှာကိုပဲ။

"ဝမ်ချန်း!!!"

ဝတုတ်ကျောက်ချီရဲ့ ငှက်ဆိုးလို အော်သံကြောင့် ဝမ်ချန်းလည်း ထိတ်လန့်သွားသည်။ သူ့ပုခုံးတုန်သွားတော့ စောစောစီးစီး ပေါင်မုန့်တစ်တုံး ကိုက်ထားတဲ့ ကျောက်ချီပင် အံ့သြသွား၏။

"မင်း ဘာဖြစ်တာလဲ??"

"ဘာမှမဖြစ်ပါဘူး...ဒီအတိုင်း အတွေးလွန်နေလို့..."

အခန်းထဲရောက်တော့ ဝမ်ချန်း ကျောက်ချီရဲ့ လက်ကောက်ဝတ်ကို ကြည့်လိုက်သည်။ သူ့လက်မှာ အဆောင်မရှိတော့ချေ။ ဝမ်ချန်း ကျောက်ချီကို မျက်လုံးပြူးပြီး ကြည့်လိုက်သည်။

Darkness (Complete)Where stories live. Discover now