🍇EP (54)🍇 ကြည့်လို့ဝပြီလား

928 117 3
                                    

Darkness

(54)
[ကြည့်လို့ဝပြီလား]

မီးငှက်နတ်ဆိုးဟာ ယွီပင်းယန် အသက်ရှင်ခဲ့စဥ် ကာလတုန်းက တိုက်ခိုက်ခဲ့ဖူးကြလို့ တစ်ယောက် အကြောင်း တစ်ယောက် သိကြသည်။ ယွီပင်းယန်ရဲ့ မိုးကြိုးကြာပွတ်ဟာ မိုးကြိုးနတ်ဘုရားဆီမှ တိုက်ရိုက် အမွေဆက်ခံထားလို့ အင်မတန် အစွမ်းထက်သည်။

အဆင့်မြင့် နတ်ဆိုးတွေဟာ စုစုပေါင်း ၅ကောင်ရှိကာ ဝမ်ချန်းရဲ့ အစီအရင်နဲ့ သိပ်မကွာတဲ့ လေထုအလယ်မှာ ရပ်တန့်နေကြသည်။ အစီအရင်ကို လူနှစ်ယောက်က ထိန်းချုပ်ထားလို့ အနားကိုတော့ သိပ်မကပ်ရဲချေ။

ထိုစဥ် ကျားဝူ ၊ လင်းမုရုန်း ၊ ကျန်းရှီနဲ့ စူးလန်တို့က နတ်ဆိုးတစ်ကောင်ဆီက တိုက်ခိုက်ဖို့အတွက် အစီအရင်ထဲမှ ပြေးထွက်လာကြ၏။ ဒါက နတ်ဆိုးတွေအတွက် အခွင့်ကောင်း ဖြစ်သွားသည်။

"အတော်ပဲဟေ့!"

နတ်ဆိုးတစ်ကောင်က ပျော်ရွှင်စွာ အော်ဟစ်ရင်း ပြေးဝင်လာသည်။ နတ်ဆိုးတွေနဲ့ ယှဥ်ရင် ကျားဝူတို့ လူငယ်တွေက အနည်းငယ် အားနည်းကြသေးသည်။ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပါက ကျားဝူတို့ ဒဏ်ရာအပြင်းအထန် ရသွားနိုင်သည်။

ထို့ကြောင့် ဝမ်ချန်း အော်လိုက်၏။

"လင်းကျိုရန်း မင်းသူတို့ကို ကာပေးထားလိုက်!"

"ဟုတ်ပြီ"

လင်းကျိုရန်း ချက်ချင်း နေရာပြောင်းကာ ကျားဝူတို့ ၄ယောက်ကို တိုက်ခိုက်လာသော နတ်ဆိုးတွေကို အစီအရင်တွေနဲ့ တားဆီးပေးသည်။ သူက ဝမ်ချန်းရဲ့ အစီအရင်အောက်မှာပဲ ရှိနေကာ လေထုအလယ်က လူတွေကို အစီအရင်စက်ကွင်းနဲ့ အလွယ်တကူပဲ ထိန်းချုပ် ကာကွယ်ပေးထားနိုင်သည်။

ကောင်းကင်အလယ်က အစီအရင်ကြီးနဲ့ တစ်ထပ်တည်းတူတဲ့ သေးငယ်သော စက်ကွင်းလေးဟာ ဝမ်ချန်းရဲ့ လက်ဖဝါးပေါ်တွင် ရှိနေ၏။

ရှစ်လော့ - "စူးယွင်... ငါတို့ လူခွဲမယ်!"

"ကောင်းပြီ"

မိန်းကလေးနှစ်ယောက် လူစုခွဲလိုက်ပြီးနောက် ကြာပွင့်နှစ်ပွင့် ကောင်းကင်ထက်တွင် ပွင့်လန်းလာသည်။ ကြာပွင့် ပွင့်လာတဲ့ နေရာမှာရှိတဲ့ နတ်ဆိုးဝိညာဥ်တွေ အားလုံး မီးလောင်ပြာကျသွားတာကို တွေ့ရတဲ့အခါ ကျန်နတ်ဆိုးများ ခပ်ဝေးဝေးသို့ ရှောင်ပြေးသွားကြသည်။

Darkness (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ