🍇EP (32)🍇 ပေါင်ပေ့

1K 137 2
                                    

Darkness

(32)
[ပေါင်ပေ့]

ကျောက်ချီမှာ ထိုနှစ်ယောက် ဆေးလိမ်းပြီးလို့ လူချင်းခွာသွားမှ ကားနားကို လာရတော့သည်။ ခေတ်ရေစီးကြောင်းနဲ့အညီ သူကငတုံးလည်း မဟုတ်လို့ ကျားဝူနဲ့ လင်းကျိုရန်းကြားက ပတ်သက်မှုကို ခန့်မှန်းမိလေသည်။

ကျောက်ချီ မုန့်နဲ့ ရေဘူးကိုယူ၍ ချောင်းနံဘေးက ဝမ်ချန်းထံကို လျှောက်သွားလိုက်သည်။ စမ်းချောင်းလေးက ရေတွေကြည်လင်နေပြီး ကျောက်တုံး ကျောက်ခဲတွေလည်း တော်တော်လေး ပေါများ၏။

ထို့အပြင် ချောင်းက အရမ်းမကျယ်ဘဲ သုံးလှမ်းလောက် လှမ်းလိုက်တာနဲ့ကို တစ်ဖက်ကို ရောက်နေပြီ။ ဝမ်ချန်းက ချောင်းဘေးတွင်ထိုင်လျက် ခြေထောက်နှစ်ချောင်းကို ရေထဲနှစ်ထား၏။

သူက ကျောက်ချီလာပေးတဲ့ မုန့်နဲ့ ရေဘူးကိုယူပြီး အဆာပြေဖောက်စားနေလိုက်သည်။

"ခင်ဗျားရော စားဦးမလား?"

'ကိုယ်က အစားစားဖို့ မလိုဘူး'

"ကောင်းပြီလေ... ဒါဆိုလည်း မစားတော့နဲ့"

'ဒါပေမဲ့ မင်းကိုစားရမယ် ဆိုရင်တော့.... '

"တိတ်စမ်း!"

ဝမ်ချန်း မုန့်အိတ်ကိုဖောက်ပြီး ပေါင်မုန့်ကို သူ့ပါးစပ်ထဲ ဒေါသတကြီး ထိုးထည့်ပစ်သည်။ ကျားဝူနဲ့ လင်းကျိုရန်းကို လှမ်းကြည့်လိုက်တော့ နှစ်ယောက်သားက မသိမသာလေး ကြည်နူးနေကြတာ။

သူတို့နှစ်ယောက်ရဲ့ မသိသာတဲ့ အပြုအမူတွေကို နေ့တိုင်းမြင်တွေ့နေရတော့ နှစ်ယောက်ကြားက ဆက်ဆံရေးကိုတောင် ဝမ်ချန်း သိသိသာသာ သတိထားမိနေပြီ။ တခြားသူတွေလည်း ထိုအတိုင်းပါပဲ။

'အားကျလို့လား?'

"လုံးဝပဲ... ဒီလိုအချိန်မှာ ကောင်မလေး မရဘူးဆိုရင်တောင် ခင်ဗျားလို နတ်ဆိုးနဲ့တော့ လုံးဝ မတွဲဘူး!"

'သေချာလား?'

"သေချာတယ်"

'အင်း ဒါပေမဲ့ မင်းဘယ်လိုပဲလုပ်လုပ် ကိုယ့်လက်က ပြေးလို့လွတ်မှာမှ မဟုတ်တာ... ပြီးတော့ မင်းရည်းစားထားချင်တယ် ဆိုရင်တောင် ကိုယ့်ကိုကတိပေးထားတာကို မေ့ပစ်လို့ မရဘူးလေ'

Darkness (Complete)Where stories live. Discover now