🍇EP (51)🍇အဖေတို့မင်းကို စောင့်နေမယ်

1K 117 6
                                    

Darkness

(51)
[အဖေတို့မင်းကို စောင့်နေမယ်]

နတ်ဘုရားယွီရှင်းရဲ့ 'သူနဲ့ အရမ်းတူတယ်' ဆိုတဲ့စကားက ဝမ်ချန်းကို အလွန်အမင်း ကြောင်အသွားစေသည်။ လူငယ်အဖွဲ့မှာ ဒူးထောက် ဝပ်တွားလျက် ငုံ့ထားသော်လည်း နတ်ဘုရားက ဝမ်ချန်းကို စကားပြောနေ​ကြောင်းတော့ သိပါသေးသည်။

ဝမ်ချန်း သူဆုပ်ကိုင်ထားတဲ့ အင်္ကျီရဲ့ ပိုင်ရှင်ကို ကြည့်လိုက်သည်။ ကျူရန့်ကတော့ သူကြည့်လာတိုင်း သူကြွေလောက်တဲ့ အပြုံးတစ်ပွင့် ပေးလာ၏။

ဝမ်ချန်း မနေနိုင် မထိုင်နိုင် ရင်ခုန်သွားပေမယ့် အခုအချိန်က ရင်ခုန်နေရမယ့် အချိန် ဟုတ်မနေပေ။ ထိုစဥ် သူနည်းနည်း ကြောက်နေသေးတာကို သိတဲ့ ကျူရန့်က သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်လာကာ နတ်ဘုရားယွီရှင်းအား မော့ကြည့်လိုက်သည်။

"သူအတိတ်ကို သတိမရသေးဘူး"

"အင်း"

နတ်ဘုရားယွီရှင်းကလည်း ခေါင်းညိတ်ပြသည်။ ထိုစဉ် ဝမ်ချန်းရဲ့ အနည်းငယ် တိုးညှင်းသော အသံက ထွက်ပေါ်လာခဲ့သည်။

"ကျွန်တော် သိပ်တော့ နားမလည်ပေမယ့် နတ်ဘုရားရဲ့ မျက်လုံးတွေကို ကျွန်တော် အရမ်းရင်းနှီးနေသလိုပဲ... မဟုတ်သေးဘူး ကျွန်တော်တို့ အဲဒါကို ပြောနေရမှာ မဟုတ်ဘူးလေ"

ဝမ်ချန်း သတိပြန်ဝင်လာကာ နတ်ဘုရားယွီရှင်းအား ဦးညွတ်လိုက်သည်။

"ကျွန်တော်တို့ရဲ့ လူသားမျိုးနွယ် အတွက် နတ်ဘုရားတို့ရဲ့ ပိုင်နက် နယ်မြေဘက်မှာ နေရာတစ်ခု ပေးနိုင်ဖို့ မျှော်လင့်ပါတယ်... နတ်ဘုရား ကျွန်တော်တို့ကို ဘာပဲလုပ်ခိုင်းလုပ်ခိုင်း ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်"

နတ်ဘုရားယွီရှင်းက အရင်လို အေးတိအေးစက်နဲ့ပဲ ဆိုပေမယ့် ဝမ်ချန်းအပေါ်ကိုတော့ အင်မတန် နွေးထွေးတဲ့ အကြည့်တစ်ချက်ကို ပေးထားသည်။

ခဏကြာတော့မှ နတ်ဘုရားက ဆိုလာခဲ့သည်။

"မင်းပါရင် ငါပေးမှာပါ!"

"တကယ်လား??"

ဝမ်ချန်း ဝမ်းသာလွန်းလို့ နတ်ဘုရားရဲ့ မျက်လုံးတွေကို ပြန်မော့ကြည့်လိုက်မိသည်။ သို့သော် ဖျက်ကနဲ မြင်လိုက်ရတဲ့ ရေခဲရိုက် အကြည့်တွေက သူ့ကို ချက်ချင်း ခေါင်းပြန်ငုံ့သွားစေ၏။

Darkness (Complete)Where stories live. Discover now