🍇 (46)🍇 မကောင်းဆိုးဝါး တစ်ကောင်

929 110 1
                                    

Darkness

(46)
[မကောင်းဆိုးဝါး တစ်ကောင်]

ကျူရန့်၏ ရက်စက်မြန်ဆန်သော လုပ်ရပ်ကို မြင်လိုက်ရတဲ့ ဝမ်ချန်းနဲ့ ကျောက်ချီတို့ နှစ်ယောက်မှာ မျက်လုံးကလေးများ ပြူးလျက် ရပ်တန့်သွားကြသည်။

ဝမ်ချန်း လက်တစ်ဖက်က ထိန်းချုပ်ထားတဲ့ အစီအရင်ကြောင့် နေရာ တော်တော်များများ ရှင်းလင်းစွာ မြင်နေရသည်။

နတ်ဆိုးမ ခပ်လှမ်းလှမ်းသို့ လွင့်ထွက်သွားပြီးနောက် ကျူရန့်သည် သူ့မျက်လုံးများကို ခေါင်းတလားဘက် လွှဲလိုက်ရာ မူလက နှစ်ပေါင်းများစွာ အကောင်းပတိ ရှိနေခဲ့သော ခေါင်းတလားသည် အလွန်ကျယ်လောင်သော အသံနဲ့အတူ ပေါက်ကွဲသွား၏။

ဝုန်း!

"ဟေ့!"

ရုတ်တရက် အလွန်ကျယ်သော အသံကြီးကြောင့် ကျောက်ချီ မထိန်းနိုင်ဘဲ ဇတ်ကနဲ ထအော်မိသွားသည်။

ထို့နောက် သူ့ပါးစပ်ကို ချက်ချင်း ပြန်ပိတ်ထားလိုက်သည်။

ခေါင်းတလားကြီး ပေါက်ကွဲသွားပြီးနောက် ဝိညာဥ်ကျောက်တုံးသည် ကျူရန့် စေရာအတိုင်း သူတို့ဖက်ကို လွင့်လာတော့သည်။ ဝိညာဥ်ကျောက်တုံးသည် ကျောက်ချီလက်ထဲ တည့်တည့်ပင်။

ကျူရန့် - "စာအုပ်ထဲ ထည့်ထား!"

"အင်း"

ကျောက်ချီလည်း ချက်ချင်း ခေါင်းညိတ်လိုက်ကာ ဝိညာဥ်ကျောက်တုံးကို သူ့ရဲ့ သားရဲစာအုပ်ထဲ ထည့်သိမ်းထားလိုက်သည်။

နတ်ဆိုးမသည် ထင်ထားသည့်အတိုင်း တစ်ချက်တည်းနဲ့ မသေချေ။ သူက ချက်ချင်းထကာ ဝမ်ချန်းတို့ သုံးယောက်ကို စူးစူးဝါးဝါး စိုက်ကြည့်ကာ အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေ၏။

သူမရဲ့ စူးစူးရဲရဲ အကြည့်နောက်တွင် ကြက်သီးထဖွယ် အပြုံးကြီးကလည်း ပါလာသေးရာ ကျောက်ချီမှာ သူ့လက်မောင်းတွေကို ပြန်ပွတ်သပ်ရင်း ဝမ်ချန်းနောက်မှာ တိတ်တိတ်ကလေး ဝင်ပုန်းလိုက်သည်။

"သူ့ကိုကြည့်ရတာ ငါတို့ကို ဝါးစားချင်နေသလိုပဲ...."

"ဟမ့်!"

Darkness (Complete)Where stories live. Discover now