🍇EP (61)🍇Final

1.1K 91 11
                                    

Darkness

(61) Final
[ဒီည ချစ်လို့ရလား]

ကျန်းလီကျစ် လှည့်ထွက်လိုက်တဲ့ အချိန်မှာပဲ အနောက်ကလူက သူ့လက်ချောင်းတွေကို ဆုပ်ကိုင်လာခဲ့လေသည်။ ကျန်းလီကျစ် ချက်ချင်း ရပ်သွားသည်။

သူတို့မှာ ဝမ်ချန်း ဆိုတဲ့ ကလေးတစ်ယောက် ရှိပေမယ့် ခန္ဓာကိုယ်ချင်း ရင်းနှီးဖူးကြတာတော့ မဟုတ်ချေ။ ဝမ်ချန်းက သူတို့ရဲ့သွေးနဲ့ စွမ်းအင်တွေ ပေါင်းစပ်ထားရာမှ ဖြစ်ပေါ်လာသော ကလေးတစ်ယောက်ပဲ ဖြစ်သည်။

ဒါကြောင့် သူ့လက်ချောင်းတွေ ဆုပ်ကိုင်ခံလိုက်ရတဲ့ အချိန်မှာတော့ ကျန်းလီကျစ် တစ်ကိုယ်လုံး တောင့်တင်းသွားရှာတော့သည်။ ဒါ နတ်ဘုရားယွီရှင်းဘက်က သူ့အပေါ် ထိတွေ့မှု အတော်လေး နည်းတယ်လို့ ပြောရမည်။

ကျန်းလီကျစ် နောက်ပြန်လှည့်ကြည့်လိုက်သည်။

"ရှစ်ဇွင်း...."

"ကိုယ့်ကို ထမင်းစား မဖိတ်တော့ဘူးလား?"

"......"

ကျန်းလီကျစ် ကြောင်အသွားတာကြောင့် မျက်တောင်လေးတွေပါ ပုတ်ခတ်မိသွားသည်။ အကြောင်းမှာ နတ်ဘုရားယွီရှင်းက သူနဲ့ ဘယ်တုန်းကမှ ထမင်းလက်စုံ မစားဖူးလို့ပင်။

သို့သော်လည်း ကျန်းလီကျစ် ဝမ်ချန်းရဲ့ ဝါးအိမ်လေးဆီသို့ ခေါ်လာခဲ့သေးသည်။ ဝမ်ချန်းရဲ့ ဟင်းချက်လက်ရာကလည်း မဆိုးဘူးလို့ ပြောလို့ရ၏။ သူက အသားငါး အသီးအရွက် အစုံအလင် ချက်ပြုတ်ထားပြီး အရသာကလည်း ထူးခြားရာ ရုပ်တည်ကြီး ၂ ယောက်ပင် အများကြီး စားမိသွားသည်။

ဒါ့အပြင် ဝမ်ချန်းက အမျှော်အမြင်ရှိရှိဖြင့် ဝါးအိမ်အိပ်ခန်းပိုလေး တစ်ခန်းကိုလည်း ဆောက်ထားသေးသည်။ သူလည်း အဖေနှစ်ယောက်ကြားက ဆက်ဆံရေးကို အနည်းအကျဥ်း သိထားတာကြောင့် နတ်ဘုရားယွီရှင်းအား တစ်ညအိပ်သွားဖို့ တောင်းဆိုလိုက်သည်။

မထင်မှတ်ဘဲ တစ်ဖက်က တကယ်ကြီး လက်ခံသွားကာ ဝိညာဥ်အပင်ကြောင့် လင်းနေသည့် ဝါးအိမ်ထဲသို့ ဝင်သွားလေ၏။

"ပြန်လာပြီလား?"

ဝမ်ချန်း အခန်းတံခါး ပိတ်လိုက်တာနဲ့ ကျူရန့်က မေးခွန်းထုတ်လေသည်။ တစ်ဆက်တည်း သူ့တစ်ကိုယ်လုံးကို တစ်ဖက်က ကောက်ချီလိုက်ကာ ခဏအတွင်း ကုတင်ပေါ်ကို ရောက်သွားကြတော့သည်။

You've reached the end of published parts.

⏰ Last updated: Dec 29, 2023 ⏰

Add this story to your Library to get notified about new parts!

Darkness (Complete)Where stories live. Discover now