🍇EP (34)🍇ကျားဝူအတွက်ဂုဏ်ယူခြင်း

1K 148 6
                                    

Darkness

(34)
[ကျားဝူအတွက်ဂုဏ်ယူခြင်း]

နောက်နေ့ မနက်ရောက်မှသာ ဝမ်ချန်း နိုးလာတဲ့အတွက် ကျောက်ချီမှာ ဆန်ပြုတ်ကို အသစ်ထပ်ပြုတ်ပေးရလေသည်။ နိုးလာတော့ ဝမ်ချန်းတစ်ကိုယ်လုံး နာကျင်နေတာတွေ ပျောက်သွားပြီ။

လူငယ်ရှစ်ယောက် မီးပုံဘေးတွင် ဝန်းရံနေကြသည်။ အားလုံးက ဝမ်ချန်းကိုကြည့်၍ မနေ့ညက ထွက်လာတဲ့ ဝိညာဥ်အကြောင်းကို သိချင်နေကြပေမယ့် ဝမ်ချန်းကတော့ ဆန်ပြုတ်ကို အေးအေးဆေးဆေး သောက်နေ၏။

ကျောက်ချီ ဝမ်ချန်းဆီက ပန်းကန်လုံးကို ချောင်းကြည့်လိုက်သည်။

"မကုန်သေးဘူးလား?"

"မကုန်သေးဘူး"

"ငါထင်တာတော့ မင်းအဲဒါစားရင်းနဲ့လည်း ပြောပြလို့ရတယ်"

ဝမ်ချန်း စက်ဝိုင်းပုံစံ လူတွေကို ကြည့်လိုက်တဲ့အခါ အားလုံးသည် ပေါင်မုန့်တစ်တုံးစီ ကိုင်၍ ကိုက်စားနေကြသော်လည်း မျက်လုံးတွေကတော့ သူ့ဆီရောက်နေကြ၏။ ရှစ်လော့နဲ့ စူးယွင်လည်း အပါအဝင်ပင်။

မတတ်နိုင်တော့ဘူး။ ဒီလူတွေက သူမပြောမချင်း အဲ့လိုကြီး စိုက်ကြည့်နေကြဦးမှာ။ အခုတော့ မနေ့ညက ပေါ်လာတဲ့ ဝိညာဥ်ကြီးကတော့ အသံတောင် မကြားရဘူး။

တိတ်ဆိတ်နေလိုက်တာများ။

"သူက ကျူရန့်...."

ဝမ်ချန်း ရေဘူးတစ်ဘူး လှမ်းဆွဲယူလိုက်သည်။

"ငါတို့ ရွှေကျိုးရွာကို ရောက်တဲ့နေ့က သူပေါ်လာတာ... သူရှိနေတာကို ငါ့မိသားစုက သိတယ် ဒါပေမဲ့ ကျူရန့်အကြောင်း ငါ့ကိုဘာမှ မပြောပြကြဘူး... ကျူရန့်က ငါမေးလည်း မပြောပြဘူး ငါသိတာဒီလောက်ပဲ"

ထိုစဥ် စူးယွင်က ခေါင်းလေးရှေ့တိုးလာ၍။

"ဒါပေမဲ့ သူမနေ့ညက နင့်ကိုပွေ့ပြီး အထဲခေါ်လာတာ တွေ့လိုက်တယ်... အရမ်းရိုမန့်တစ်ဆန်တာပဲ"

စူးယွင် အသည်းယားစွာ သူမလက်ချောင်းတွေကို ပွတ်သပ်လိုက်သည်။ ရှစ်လော့ကတော့ ပြုံးစိစိနဲ့ ခေါင်းငုံ့သွား၏။ စူးယွင်က သူတို့ကျောင်းမှာ နာမည်ကြီး ဖူဂျိုရှီမမလေ။

Darkness (Complete)Where stories live. Discover now