🍇EP (8)🍇ကတိတစ်ခုပေးရမယ်

1.2K 170 0
                                    

Darkness

(8)
[ကတိတစ်ခုပေးရမယ်]

"မင်းတကယ် စားလိုက်တာလား??"

ရေချိုးခန်းထဲတွင် ယောက်ျားလေးတစ်ဦး၏ စိုးရိမ်စွာ မေးသံတစ်သံ ထွက်ပေါ်လာသည်။ နေ့လယ်မှာတော့ တခြားအခန်းတွေမှာ ရေချိုးသန့်စင်ကြရင်း ကိုယ့်အတွေးနဲ့ကိုယ် ခေါင်းရှုပ်နေကြရတော့သည်။

ကျားဝူ မျက်နှာသုတ်နေရာမှ လင်းကျိုရန်းအား လှည့်ကြည့်လိုက်သည်။

"ဟုတ်တယ်.... "

"နံပါတ်၅တော့ မဖြစ်နိုင်ပါဘူး....ဟုတ်တယ်မလား?"

"မင်းငါ့ကို စိတ်ပူနေတာလား?"

လင်းကျိုရန်း တောင့်ခဲသွားသည်။ လင်းကျိုရန်းရဲ့ လိင်စိတ်တိမ်းညွတ်မှုက ဆန့်ကျင်ဘက်လိင်ကို စိတ်မဝင်စားတာပဲ။ သူအထက်တန်း ကျောင်းသားဘဝတုန်းက ယောက်ျားလေးတစ်ယောက်ကို ကြိုက်ခဲ့ဖူး၏။

အဲဒီတုန်းက အင်တာနက်ကနေတောင် ထိုကောင်လေးကို ဖွင့်ပြောခဲ့သေးသည်။ သို့သော် တစ်ဖက်ကောင်လေးကတော့ သူ့ကိုဘာမှ ပြန်မပြောခဲ့ချေ။

အဲဒီနောက်ပိုင်း လင်းကျိုရန်း တက္ကသိုလ်ရောက်တဲ့အထိ သူဖွင့်ပြောခဲ့မိတဲ့ ကောင်လေးနဲ့ အဆက်အသွယ် ပြတ်သွားခဲ့သည်။ တစ်ဖက်က သူ့ကိုမဆက်သွယ်လာသလို သူ့ဖက်ကလည်း ထိုသူအား ပြန်မဆက်သွယ်ခဲ့တော့ပေ။

ဒါပေမဲ့ သူတို့နှစ်ယောက် တက္ကသိုလ်မှာ ပြန်တွေ့မယ်လို့ ဘယ်သူကထင်မှာလဲ။ ထိုသူက ကျားဝူသာ။

"ငါ မဟုတ်ဘူး.... "

လင်းကျိုရန်း လှည့်ထွက်လာခဲ့သည်။ ထိုအခိုက်အတန့် ကျားဝူက သူ့လက်ကောက်ဝတ်ကို စောင့်ဆွဲလာပြီး ရေချိုးခန်းနံရံမှာ ကပ်ထားလိုက်တော့သည်။

"မင်း!!"

ကျားဝူ အရှေ့တိုးလာတာကြောင့် သူတို့နှစ်ယောက် အရမ်းကို နီးကပ်သွားသည်။

"လင်းကျိုရန်း...."

"....."

"အထက်တန်းကျောင်းသား ဘဝတုန်းက ကိစ္စကို မေ့သွားပြီလား??"

"အခုက အဲဒီကိစ္စကို ပြောနေရမယ့် အချိန်လား?? မေ့မေ့ မမေ့မေ့ မင်းနဲ့မဆိုင်ဘူးလေ ငါထွက်တော့မယ် မင်းဖယ်တော့"

Darkness (Complete)Where stories live. Discover now