🍇EP (49)🍇ဝိညာဥ်တစ်သောင်းနယ်မြေ

996 125 6
                                    

Darkness

(49)
[ဝိညာဥ်တစ်သောင်းနယ်မြေ]

ဝမ်ချန်း ကျောက်ချီရဲ့ သူ့ဘာသာသူ အားမလိုအားမရ ​ဖြစ်နေတဲ့ပုံစံကို လှမ်းအကဲခတ်ပြီးတဲ့နောက် ကျူရန့်ဘက်ကို ပြန်လှည့်လိုက်သည်။ အခုအချိန်မှာ ကျူရန့်က မီးတောက်ကောင်းကောင်း တက်လာအောင် မီးပုံကို ထင်းထပ်ထည့်နေ၏။

တခြားလူတွေက သူတို့ဘာသာ တခြားနေရာမှာ အနားယူနေကြတာကြောင့် မီးပုံနားမှာ သူတို့ နှစ်ယောက်တည်းသာ ရှိသည်။

"ကျူရန့်...."

ခေါ်သံကြောင့် ကျူရန့်က ခေါင်းလှည့်ကြည့်လာသည်။

"အင်း...."

"ချင်းရှန်.... ကျွန်တော့်သွေးကို ယူချင်နေတာက တိုက်ဆိုင်မှုတော့ မဟုတ်ဘူးမလား? ကျွန်တော်တို့ လူငယ်တွေ အကုန်လုံး သူကြိုက်တဲ့သွေးကို ယူလို့ရတယ်လေ....နောက်ပြီး ကျွန်တော့်အနားမှာ ခင်ဗျား ရှိနေတာပဲ သူမ အဲ့လောက်ထိ ရဲတင်းနေမှာ မဟုတ်ဘူး... မဖြစ်မနေ လိုအပ်နေတာမျိုး မဟုတ်ဘူး ဆိုရင်ပေါ့... "

ဝမ်ချန်း စကားဆုံးတော့ ကျူရန့်က ပြုံးလိုက်သည်။ သူက ဝမ်ချန်းအား ဘေးတစ်စောင်းလေး စိုက်ကြည့်နေ၏။

"ခင်ဗျား ဘာရယ်နေတာလဲ?"

"မင်းအမေ မင်းကို ဉာဏ်ကောင်းတယ်လို့ ချီးကျူးနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး... ပေါင်ပေ့ မင်းတကယ် အဲဒီအချက်ကို စဥ်းစားမိသွားမယ်လို့ ကိုယ်မထင်ထားဘူး... "

"....."

သူ့အမေက ကျူရန့်ရှေ့မှာ သူ့အကြောင်းတွေ ပြောပြထားတယ်တဲ့လား? ဘာတွေ ပြောပြထားပါလိမ့်?

ဒါပေမဲ့ သူ့အမေက သူ့သားမက်ရှေ့မှာတော့ သားမကောင်းကြောင်းကို မပြောလောက်ပါဘူး။ ပြီးတော့ ကျူရန့်ရဲ့ ပုံစံကို ကြည့်ရတာ သူ့မကောင်းကြောင်းတွေ ကြားလာရတဲ့ ပုံတော့ မပေါ်ပါဘူး။

သူတွေးနေတုန်း ကျူရန့်က ဆိုလာ၏။

"မင်းကောင်လေးက တောင်နတ်အရှင် ဖြစ်ပေမယ့် အားလုံးကို ကျွမ်းကျွမ်းကျင်ကျင် သိနေတာတော့ မဟုတ်ဘူးနော်... သူမ မင်းကို ရွေးလိုက်တာက မင်းရဲ့သွေးကြောင့်ဆိုတာ မှန်တယ်... ဘာလို့လဲဆိုတော့ မင်းက ဝမ်မျိုးဆက် ဖြစ်နေလို့ပဲလေ"

Darkness (Complete)Where stories live. Discover now