🍇EP (41)🍇အသစ်စက်စက်ချစ်သူ

1K 127 2
                                    

Darkness

(41)
[အသစ်စက်စက် ချစ်သူ]

ကျူရန့်အား သူ့ကိုလွှတ်ပေးဖို့ အချက်ပြလိုက်သည်။ သူတို့ရပ်နေတဲ့ နေရာကနေတော့ တစ်မြို့လုံးကို မမြင်ရပေ။ မြို့ထဲမှာ တိုက်အမြင့်ကြီးတွေက ကာရံထားကြသည်လေ။

သူတို့နှစ်ယောက် ဘေးချင်းကပ်ထိုင်ရင်း တိတ်ဆိတ်သွားခဲ့တဲ့ နေရာကြီးကို ငေးကြည့်နေကြသည်။ ကောင်းကင်မှာတော့ အမည်းရောင် တိမ်တွေ ဖုံးအုပ်နေတုန်းပဲ။

'ဝုန်း.....'

အသံတစ်သံနဲ့အတူ အစိမ်းရောင် အလင်းတန်းကြီးသည် ဝမ်အိမ်တော်အလယ်မှ ကောင်းကင်သို့ ခုန်တက်သွားလေသည်။ ဝမ်ချန်းလည်း ထိတ်ထိတ်လန့်လန့်နဲ့ ခေါင်းစောင်းကြည့်သော် အလင်းတန်းသည် ကောင်းကင်ကို ထိုးတက်သွားရင်း စွမ်းအင်လှိုင်းတွေကို ပစ်လွှတ်နေ၏။

ထိုလှိုင်းတွေကြောင့် နတ်ဆိုးဝိညာဥ်များ တွန်းထုတ်ခံလိုက်ရသည်။ အစိမ်းရောင် စွမ်းအင်သည် ကောင်းကင်ရဲ့ တစ်ဝက်လောက်အထိ ထိုးတက်သွားပြီးနောက် စက်ဝန်းပုံစံဖြင့် ဧရိယာတချို့ကို ကာရံလိုက်ပေသည်။

ကောင်းကင်ထက်တွင် အမည်းရောင် အငွေ့အသက်များ မြောက်များစွာ ပြေးလာကြသည်။ သူတို့က ဒေါသတကြီးနဲ့ အကာအရံကို ဝင်တိုက်ကြသော်ငြား အကာအရံက အဆင့်၅ နတ်ဆိုးတစ်ပိုင်းတွေပင် အနားမကပ်နိုင်ပေ။

နတ်ဆိုးအသွင်နဲ့ နတ်ဆိုးအစစ်တွေကလည်း နတ်လက်နက်တစ်ခု ပေါ်ထွက်လာတာကို မကျေမချမ်းဖြင့် မီးလုံးတွေနဲ့ ပစ်ခတ်နေကြရာ ကောင်းကင်ပေါ်ဝယ် တိုက်ပွဲတစ်ခု ဖြစ်ပွားလျက်ရှိသည်။

ဝမ်ချန်း သူတို့ကိုဝန်းရံထားတဲ့ အကာအရံအပြင်ဖက်က ရုန်းရင်းဆန်ခတ် နတ်ဆိုးတွေကို ကြည့်ပြီး ရယ်လိုက်သည်။

"ဟားဟား... ကျူရန့် ကြည့်လိုက် သူတို့ဘယ်လောက်တောင် ဒေါသထွက်နေလဲ ဆိုတာ... "

'ဝုန်း....'

'ဝုန်း....'

တဝုန်းဝုန်း အသံတွေက ကောင်းကင်မှာ အင်မတန် ဆူညံ့နေလျက်။ ကျူရန့် အပြုံးတစ်ခုနဲ့ မော့ကြည့်နေသူက နတ်ဆိုးတွေ ရုန်းရင်းဆန်ခတ် ဖြစ်နေကြတာကို ကြည့်ပြီး ပျော်ရွှင်နေတဲ့ ကောင်လေးကိုပေါ့။

Darkness (Complete)Where stories live. Discover now