🍇EP (23)🍇နတ်ဆိုးတစ်ပိုင်းများ

1.1K 141 2
                                    

Darkness

(23)
[နတ်ဆိုးတစ်ပိုင်းများ]

ကျားဝူတို့အဖွဲ့သည် မုန့်ရွှမ်ဦးဆောင်မှုဖြင့် အနက်ရောင် ကားတစ်စီးပေါ်၌ ရောက်နေကြသည်။ မြို့ပြဘက်မှာ ကယ်ထုတ်ရမယ့်လူတွေ ရှိသေး၏။

နတ်ဆိုးတံခါး ပွင့်လာပြီးနောက် တစ်ကမ္ဘာလုံး တစ္ဆေသရဲများဖြင့် ပြည့်နှက်လာခဲ့သလို ကမ္ဘာကြီးက လူသားမျိုးစိတ်ကို ကာကွယ်ဖို့ တချို့သော နေရာများကို အကာအကွယ်အဖြစ် ထားထားသေးသည်။

ထိုနေရာများတွင် အသက်ရှင်ကျန်ရစ်သူများကို ကယ်ထုတ်ကြရမည်။ ကားသုံးစီး ဗီလာတွေရှိသော နယ်နိမိတ်ထဲက ထွက်ခွာလာသည်နှင့် လေထုက အေးစက်လာသည်။ မုန့်ရွှမ်က မိန်းကလေးနှစ်ယောက်ကို သူမကားထဲခေါ်ထားပြီး စကားတချို့ မှာကြားနေ၏။

ဒုတိယကားမှာတော့ ကျားဝူက မောင်းသူပင်။ သူ့ဘေးတွင် လင်းကျိုရန်းကထိုင်လျက် သစ်ရွက်ခြောက်တွေနဲ့ အင်မတန် ​ခြောက်ကပ်နေသော တောလမ်းကို စိုက်ကြည့်နေ၏။ ကျောက်ချီနှင့် ဝမ်ချန်းက အလယ်ခန်းတွင်ဖြစ်ပြီး ကျန်းရှီက နောက်ဆုံးမှာ။

ကျောက်ချီ ကားတံခါးဖွင့်ကာ အပြင်ဘက်ကို တစ်ချက်ချောင်းကြည့်လိုက်ပေသည်။ သူတို့ထွက်ခွာလာတာ ဗီလာနဲ့ အတော်ဝေးနေပြီ။ ကားထဲကနေ ဗီလာခေါင်မိုးတွေကို မှုန်ဝါးဝါးသာ မြင်ရတော့သည်။

"ဟူး.... ခံစားချက်က တစ်မျိုးပဲ..."

လင်းကျိုရန်း -"ကမ္ဘာကြီးက အရမ်းတိတ်ဆိတ်သွားတယ်လို့ ခံစားနေရတယ်မလား?"

ကျောက်ချီ -"အင်း"

ကျန်းရှီ -"မြို့ထဲမှာလည်း လူဘယ်နှစ်ယောက်တောင် အိပ်ပျော်ပြီး ဘယ်သူတွေ သေကုန်ပြီလဲ မသိဘူး...."

ကျားဝူ -"အစ်မဝမ်က နတ်ဆိုးတစ်ပိုင်းတွေလည်း ရှိနိုင်တယ်လို့ သတိပေးလိုက်တယ်... ငါတို့သတိထားရမယ် အထူးသဖြင့် ဝမ်ချန်း... "

ဝမ်ချန်းလည်း သူ့နာမည်ကြားတော့ လှပတဲ့ မျက်လုံးတွေက ကျားဝူဆီ နေရာရွေ့သွားလေသည်။

"ငါ?"

"ဟုတ်တယ်... မင်းမျက်လုံးကြောင့် ငါတို့ညပိုင်း လှုပ်ရှားရင် မင်းသတိထားရမယ်"

Darkness (Complete)Where stories live. Discover now