🍇EP (27)🍇နတ်ဆိုး အစုတ်ပလုတ်ကြီး

1K 138 2
                                    

Darkness

(27)
[နတ်ဆိုး အစုတ်ပလုတ်ကြီး]

ကြာပွတ်ရဲ့ တောက်ပလာတဲ့ အလင်းရောင်က နတ်ဆိုးတစ်ပိုင်းအား အထိတ်တလန့်ဖြင့် ထိုပစ္စည်းအား လွှတ်ချမိစေသည်။ ထိုအခိုက် ဖျက်ကနဲ ရောက်လာသူ မုန့်ရွှမ်သည် နတ်ဆိုးတစ်ပိုင်းအား လွှဲကန်လိုက်ပေ၏။

နတ်ဆိုးတစ်ပိုင်းလည်း အငိုက်မိသွားပြီး ခပ်လှမ်းလှမ်းသို့ လွင့်သွားသည်။

ကျန်းရှီ -"ဟိုမှာ!"

အဖြူရောင် ဆေးလုံးလေးတစ်လုံးသည် ရေပန်းဘေးရှိ မြက်ပင်တွေကြားမှ တဖြည်းဖြည်း ပေါ်ထွက်လာသည်။ ညအချိန်တွင် သူ့အလင်းရောင်က အလွန်အမင်း တောက်ပလျက်။

ကျန်းရှီနှင့် ကျောက်ချီ တစ်ပြိုင်တည်း ပြေးသွားသည်။ ထိုစဉ် ကျားဝူတို့အား ရိုက်ထုတ်ပစ်တဲ့ နတ်ဆိုးက ကျန်းရှီတို့ဆီ ပြေးလာ၏။ ဆေးလုံးကို သူမမြင်ရပေမယ့် ဒီလူသားတွေ ဘာကြောင့်လာသလဲတော့ သူသိတယ်လေ။

တားဆီးဖို့တော့ လိုတယ်။

နတ်ဆိုးတစ်ပိုင်း ဝင်တားလာသော် ကျန်းရှီတို့လည်း လမ်းတစ်ဝက်မှာ တိုက်ခိုက်ခံရပြန်၏။ ကျားဝူ တစ်ဖက်ကို လိမ့်သွားရာမှ ချက်ချင်းထ၍ အစီအရင်တစ်ခုအား ပြုလုပ်လိုက်သည်။ အစီအရင်က ကျန်းရှီတို့အား ကာကွယ်ရင်း နတ်ဆိုးအား အနည်းငယ် နောက်ဆုတ်သွားစေခဲ့သည်။

ကျားဝူ ဘေးကို စောင်းကြည့်တဲ့အခါ လင်းကျိုရန်းမှာ ခြေချင်းဝတ်၌ သွေးထွက်နေတာ တွေ့ရသည်။

"အားရန်...."

လင်းကျိုရန်း မျက်​မှောင်ကျုံ့လျက် မော့ကြည့်ကာ။

"ကိစ္စမရှိဘူး.... "

သူတို့သတိမထားမိတာက နံရံပေါ်က သရဲမသည် နံရံပေါ်တွင် ပြေးလွှားနေရင်း ဝမ်ချန်းနှင့် မလှမ်းမကမ်းကို ရောက်သွားလေပြီ။ ကျောက်စိမ်းစက်ကွင်းကို ထိန်းထားသူ ဝမ်ချန်းလည်း သတိထားမိကာ အံကြိတ်လိုက်သည်။

သူနဲ့ မနီးမဝေးမှာ နံရံမလို့ သရဲမက နံရံပေါ်က မဆင်းလာနိုင်လည်း အဲဒီက​နေ သူ့ကိုတိုက်ခိုက်နိုင်တယ်။ ထိုစဥ် နက်မှောင်သော ဆံပင်များက ဝမ်ချန်းထံသို့ မြွေတစ်ကောင်လို ပြေးလာတော့သည်။

Darkness (Complete)Where stories live. Discover now