🍇EP (29)🍇အရှင်....

1K 132 2
                                    

Darkness

(29)
[အရှင်......]

ဗီလာဖက်မှာ ရွေ့ပြောင်းရမယ့် အလုပ်တွေက အင်မတန် အရေးကြီးပြီး မအားလပ်တာကြောင့် လင်းမုရုန်းသည် မုန့်ရွှမ်ကိုပါ ပြန်ခေါ်သွားတော့သည်။

သူတို့၇ယောက် အန္တရာယ်ကင်းရေးအတွက် အစီအရင်စာရွက်တွေတော့ ပေးခဲ့သေးသည်။ ခြံထဲမှာ လူငယ်၇ယောက်သည် အစီအရင်စာရွက်များကို ကိုင်လျက် တိတ်ဆိတ်နေကြ၏။

သူတို့ကို ဒီလိုပဲထားသွားပြီလား။ မဟုတ်သေးဘူးလေ။ သူတို့ထဲမှာ နတ်ဆိုးတစ်ပိုင်းတွေနဲ့ တိုက်ခိုက်နိုင်တဲ့သူ မရှိဘူး။ အဆင့်၃နဲ့အထက်ဆိုရင် သူတို့အနေနဲ့ အသက်လုပြီးပြေးရုံပဲ တတ်နိုင်မှာ။

ပြီးတော့ အဆိုးဆုံးကေတာ့ ကျောက်ချီနဲ့ ဝမ်ချန်းပဲ။ တစ်ယောက်က ညဘက်မမြင်ရသလို တစ်ယောက်ကလည်း ဝလွန်းလို့ ပြေးလွှားဖို့ မစွမ်းပေ။ ဒီလိုအခြေအနေတွေနဲ့ ရှေ့ဆက်ဘယ်လိုလုပ်ကြမလဲ။

ကျန်းရှီ အိမ်ရဲ့သစ်သားတိုင်လုံးကို မှီလျက် စားပြဲက ကျားဝူကိုတစ်ချက်ကြည့်လိုက်သည်။ ကျားဝူက တည်ငြိမ်နေပြီး တစ်ခုခုကို စဉ်းစားနေဟန်ရှိ၏။

ကျန်းရှီ -"ငါတို့အခု ဘာဆက်လုပ်ကြမှာလဲ?"

က်ားဝူ -"သေချာပေါက် လောလောဆယ်တော့ ငါတို့အင်အားနဲ့ အပြင်ထွက်လို့ မဖြစ်သေးဘူး"

ရှစ်လော့ -"ဒါပေမဲ့ ငါဦးလေးစွန်းကို သူ့သမီးကို ရှာပေးမယ်လို့ ကတိပေးမိသွားပြီ"

ရှစ်လော့ပြောရင်း အသံကတိုးသွားသည်။ ဦးလေးစွန်းက သူ့သမီးကြောင့် ရှစ်လော့နဲ့ ပူးပေါင်းပြီး အသိစိတ်ပြန်ရလာအောင် လုပ်နိုင်ခဲ့တာ။ ရှစ်လော့တို့ သမီးဖြစ်သူကို ကယ်လာနိုင်ဖို့ မျှော်နေမှာပင်။

ရှစ်လော့ -"တကယ်လို့ ငါတို့အချိန်မရှိခဲ့ရင်..."

ဝမ်ချန်း -"နတ်ဆိုးတံခါးထဲက ထွက်လာတဲ့ နတ်ဆိုးတွေက ဝိညာဉ်တွေ... သူတို့က ခိုကပ်ဖို့အတွက် ခန္ဓာကိုယ်ရှာနေတာ လူတွေကို အလွယ်တကူ ပေးသေမှာမဟုတ်ဘူး.. "

ရှစ်လော့ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ နတ်ဆိုးတွေသတ်လို့ သေသွားတဲ့သူ ရှိပေမယ့် အများစုက အလွယ်တကူ ခန္ဓာကိုယ် ပူးကပ်ခံလိုက်ရပြီး အသိစိတ်ပျောက်နေသူများသာ ဖြစ်လေသည်။

Darkness (Complete)Where stories live. Discover now