🍇EP (25)🍇 အမှောင်ထုကြီးလာနေပြီ

957 142 1
                                    

Darkness

(25)
[အမှောင်ထုကြီး လာနေပြီ]

ဝမ်ချန်း တစ်ယောက်တည်း ပေါ့ပေါ့ပါးပါး လမ်းလျှောက်ထွက်ရင်း ဈေးဆိုင်ငယ်လေး တစ်ဆိုင်ကို ရှာတွေ့သွားသည်။ ပိုင်ရှင်မရှိ။ တံခါးဖွင့်ကာ အထဲကို ချောင်းကြည့်လိုက်သေး၏။

'ဘယ်သူမှမရှိဘူး!'

"သိပါတယ်...."

တကယ်တော့ သူနည်းနည်း စိတ်ပူနေမိသေးတယ် ဆိုတာကို ကျူရန့်ထံ လုံးဝ ဝန်ခံမည်မဟုတ်။

"ကျွန်တော်က သတိထားနေရုံပဲ...."

ဆိုင်ခန်းရဲ့ မှန်တံခါးကို ဖြည်းဖြည်းချင်း တွန်းဖွင့်ပြီးတော့မှ ဝင်လိုက်သည်။ ဈေးဆိုင်က တစ်ထပ်ဈေးဆိုင်လေးသာ ဖြစ်ပြီး ပစ္စည်းတွေ ပေါသော်လည်း အခုအချိန်မှာတော့ ဝယ်သူမရှိသလို ပိုင်ရှင်လည်း မဲ့နေသည်။

ဝမ်ချန်း သူတစ်ယောက်တည်းရဲ့ သတ္တိနဲ့ဆို အပြင်ထွက်ရဲမည်မဟုတ်။ သူ့ဘေးက နတ်ဆိုးရဲ့ အငွေ့အသက်တစ်ခုက ဖုံးလွှမ်းထားလို့ တစ်ဖက်က နတ်ဆိုးတွေဟာ သူ့ရဲ့လူသားအနံ့ကို လွယ်လွယ်နဲ့ အာရုံခံမိမည်မဟုတ်။

အကယ်၍ သူသာ ကျောက်ချီ သို့မဟုတ် တခြားလူကို ခေါ်လာမိခဲ့ရင် တစ်ဖက်က အနံ့ခံမိသွားမှာကို ခန့်မှန်းနေစရာပင်မလို။ ဈေးဆိုင်ထဲမှာ အလွန် တိတ်ဆိတ်နေကာ တချို့ပစ္စည်းတွေက ရှုပ်ပွနေကြသည်။

ဝမ်ချန်း တွန်းလှည်းတစ်စီး လှမ်းဆွဲ၍ သရေစာမုန့်ခြောက်များ ကောက်ထည့်နေတော့သည်။ မုန့်တွေကိုထည့်နေရင်း ဝမ်ချန်းလက်တွေ ပိုပိုသွတ်လာ၏။ သူက အချိုရည်ဘူးနဲ့ လိုရမယ်ရ မီးခြစ်နဲ့ ဓာတ်မီးတွေကိုလည်း ကောက်ထည့်လိုက်သေးသည်။

ယိုမုန့်နဲ့ ခေါက်ဆွဲခြောက်များကလည်း မပါမဖြစ်ပင်။ သူတို့အားလုံးအတွက် ငါးရက်စာလုံလောက်အောင် သယ်သွားရမည်။ နတ်ဆိုးတွေ ဒီလိုနေရာကို မဖျက်စီးပစ်တာ တော်တော်လေး ကံကောင်းတာပဲ။

ဝမ်ချန်း သူ့တွန်းလှည်းထဲ ပြည့်ခါနီးတွင် သူ့နားထဲ လွင့်ပျံလာသော ရယ်သံတစ်ချက် ကြားလိုက်ရသည်။ ဝမ်ချန်းလည်း မျက်မှောင်ကျုံ့လိုက်၏။

Darkness (Complete)Où les histoires vivent. Découvrez maintenant