🍇EP (19)🍇အခန်းဖော်တစ်ယောက်ပျောက်နေခြင်း

1.1K 149 2
                                    

Darkness

(19)
[အခန်းဖော်တစ်ယောက်ပျောက်နေခြင်း]

ကျူရန့်က သူ့အကြောင်းကို ထုတ်ဖော်မပြသော်လည်း ဝမ်ချန်း လက်ဟန်များကို သေချာဂရုတစိုက်နဲ့ သင်ကြားပေးလေသည်။ ဝမ်ချန်းမှာတော့ နတ်ဆိုးတစ်ကောင်လိုလို သရဲလိုလို အရာဆီကနေ အခုလို သင်ပြခံရမယ်လို့ မထင်ထားခဲ့ချေ။

ကျူရန့်ကသူ့ကို စတယ်နောက်တယ် မရှိဘဲ သေချာသင်ကြားပေးလို့ ဝမ်ချန်းလည်း စိတ်ပါဝင်စားစွာနဲ့ သင်ခဲ့သည်။ နေ့လယ်စာ စားချိန်ပြီးတော့လည်း ကျူရန့်က စိတ်ရှည်ရှည်နဲ့ ဆက်သင်ပေးသည်။

သူ့စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထားနိုင်ဖို့လည်း ညွှန်ပြပေးလေ၏။

'လက်ကိုကြာပန်း ပုံစံမျိုး လှည့်လိုက်....'

'ဝှစ်....'

လေထုတစ်ခု ဝမ်ချန်းဘေးတွင် ဖြာထွက်ကျဆင်းလာသည်။ ဝမ်ချန်း စိတ်ငြိမ်ငြိမ်နဲ့ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့လက်ချောင်းထိပ်တွင် အလင်းစတစ်ခု ရစ်ဝဲနေတာကို တွေ့လိုက်ရလေသည်။

"ဝါး..... ဝမ်ချန်း မင်း!!"

ကျောက်ချီ မြင်မြင်ချင်း အသည်းအသန် ပြေးချလာသည်။ သူ့အသံကြောင့် တခြားလူတွေလည်း ပြေးလာကြည့်ကြရာ ဝမ်ချန်းလက်ချောင်းများကြားမှ အပြာရောင် အလင်းစများ တဖြည်းဖြည်း ထွက်လာနေတာကို တွေ့ရလေ၏။

"မင်း အောင်မြင်သွားပြီလား?"

"မင်း.....ဝါးဟားဟား....."

ထွက်လာသော အလင်းစသည် ဝမ်ချန်းရှေ့တွင် လှပသော အစီအရင် စက်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ အနည်းငယ် ရှုပ်လှသော လက်ဟန်များ​ကြောင့် ဖြစ်ပေါ်လာသော အစီအရင်စက်ကွင်းသည်လည်း အနည်းငယ် မျက်စိရှုပ်စရာ ကောင်းလှ၏။

စက်ကွင်းက ဝမ်ချန်းရှေ့တွင် လည်ပတ်နေရာမှ သူလက်ပြန်ရုတ်လိုက်တဲ့အခါ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ကျောက်ချီ -"ဝမ် ဝမ် ဝမ် ဝမ်ချန်း....."

'ဂုဏ်ပြုပါတယ် ချန်းအာ.....'

ဝမ်ချန်း ခေါင်းငုံ့၍ သူ့ကိုယ်သူ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ပြုံးလိုက်သည်။ သူ့ဘေးက လေထုထဲတွင် အပြုံးတစ်ပွင့် ရှိနေမယ်ဆိုတာကို ခံစားမိ၏။

Darkness (Complete)Where stories live. Discover now