🍇EP (4)🍇 သဲလွန်စ

1.3K 188 2
                                    

Darkness

🍇(4)🍇
[သဲလွန်စ]

သူတို့ထွက်လာခဲ့တာက ဟိုတည်နဲ့ သိပ်မဝေးလှတဲ့အတွက် ဟိုတည်ကိုတော့ ပြန်ရှာတွေ့ခဲ့ကြသည်။

အခုဆို မိန်းကလေးနှစ်ယောက် ပါသွားပြီ။ နောက်ထပ် ဘယ်သူပါဦးမလဲ မသိနိုင်ဘူး။ ဒီနေရာက ထူးဆန်းပြီး ခြောက်ခြားစရာကောင်းလို့ ဘယ်သူမှမနေချင်ပေမယ့် ထွက်သွားလို့ကလည်း မရဘူးဖြစ်နေသည်။

ဟိုတည်ဝန်ထမ်းများက မနိုးသေးချေ။ ကျောင်းသားအုပ်စုလည်း အခန်းတစ်ခန်းထဲမှာ စုနေလိုက်သည်။ လူတိုင်း စိတ်သောကရောက်နေကြပြီး ကိုယ်စီအတွေးများဖြင့် ခေါင်းကိုက်နေကြသည်။

သူတို့အားလုံး အခန်း၁၀၅မှာ လူစုထားသည်။ မြူတွေနည်းသွားရင် ထွက်ပြေးနိုင်အောင်လို့ လူနှစ်ယောက်ကလည်း ပြတင်းပေါက်မှာရပ်လျက် စောင့်ကြည့်နေသည်။

"ဟိုတည်ထဲမှာလည်း မလုံခြုံဘူး....အပြင်ဘက်မှာလည်း ဘာမှမသိတဲ့ သရဲလိုလိုအကောင်က ရှိနေသေးတယ်....ငါတို့အပြင်ဘယ်လို ထွက်ကြမလဲ?"

စူးယွင်မှ တိတ်တိတ်ကလေး ရေရွတ်လာ၏။ သူမအသံက မကျယ်သော်လည်း အခုလို တိတ်ဆိတ်နေတဲ့ အခြေအနေမျိုးမှာတော့ လူတိုင်းကြားရသည်။

စူးလန်က သူမဘေးမှာထိုင်လျက် သူမခန္ဓာကိုယ် သေးသေးလေးကို ဖက်ပေးထားသည်။ သူမတို့က ဒီနေရာကို အပန်းဖြေရင်း လေ့လာစူးစမ်းဖို့အတွက် လာခဲ့ကြပေမယ့် ဒီလိုခြောက်ခြားဖွယ် ဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ဘယ်သူကထင်ပါ့မလဲ။

အခုတော့ အထဲရောအပြင်ရောက မလုံခြုံဘူး။

ကျားဝူ -"ဖုန်းလိုင်းမရှိလို့ ငါတို့အပြင်ကို ဆက်သွယ်လို့ရမှာ မဟုတ်ဘူး ...အဲ့တော့ ကားဆရာဦးလေးကြီး လာခေါ်တဲ့အထိ စောင့်ရင်စောင့် ဒါမှမဟုတ် ငါတို့စွန့်စားဖို့ပဲ ရှိတော့တယ်"

တချို့က ကျားဝူအား ကြည့်လာကြသည်။ ကျားဝူပြောတာကလည်း မမှားပေမယ့်။

"ဒါပေမဲ့ အဲဒီဦးလေးကြီးက ငါတို့ကိုလာခေါ်ပါ့မလား?"

မိန်းကလေးတစ်​ယောက် ဝင်ပြောလာသည်။ အဲဒါကလည်း ထည့်စဥ်းစားရမယ့် အရာဖြစ်လေသည်။ ကားဆရာက ကားပေါ်ကဆင်းခါနီးတော့ သူတို့မှာ တစ်ပတ်အချိန်ရမယ်လို့ ပြောသွားတယ်မလား?။

Darkness (Complete)Where stories live. Discover now