🍇EP (60)🍇မင်းက ထာဝရ ငါတို့ရဲ့ရတနာလေး ဖြစ်နေမှာ

900 98 2
                                    

Darkness

(60)
[မင်းက ထာဝရ ငါတို့ရဲ့ရတနာလေး ဖြစ်နေမှာ]

တောင်ပံနီမျိုးနွယ်ရဲ့ အိမ်တော်က ဘယ်မှာလဲဆိုတာတော့ မသိပေမယ့် ကျူရန့် ထုတ်လွှတ်နေတဲ့ အရှိန်အဝါကြောင့် လူတစ်ယောက်က သူတို့ကို နေရာအတိအကျ ပြောပြလိုက်သည်။

သို့သော်လည်း သူတို့ရောက်သွားတဲ့ အချိန်မှာတော့ ကျန်းလီကျစ်က သူ့သူငယ်ချင်းတွေကို ကယ်ပြီးပြီ။ ကျန်းလီကျစ်က ခါတိုင်းတွေ့နေကျအတိုင်း အေးစက်တဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်နေဆဲ ဖြစ်သော်လည်း မျက်နှာဖုံးတစ်ခုကို တပ်ထားသည်။

ကျန်းလီကျစ် ပေါ်လာတာနဲ့ ဘယ်သူမှ ရှစ်လော့တို့ကို ဖမ်းမထားရဲတော့ဘဲ လူကို အသာတကြည် ပြန်ပေးလာသည်။ ရောက်ရောက်ချင်း အန္တရာယ်နဲ့ တွေ့လိုက်ရတာကြောင့် ကျန်းလီကျစ်က သူတို့ကို ဒဏ္ဍာရီအင်ပါယာကနေ ချက်ချင်း ပြန်လွှတ်တော့သည်။

ဒါ့အပြင် လွန်းပျံယာဥ်နဲ့ သူကိုယ်တိုင် ပြန်လိုက်ပို့​ပေးသည်။

ယခုအချိန်မှာတော့ ကျူရန့်နဲ့ ဝမ်ချန်းမှာ ကျန်းလီကျစ်ရှေ့မှာ ခေါင်းလေးငုံ့ကာ ငြိမ်သက်နေရသည်။ ကျန်းလီကျစ်ဟာ စားပွဲဘေးက ခုံမှာ ထိုင်နေသော်လည်း စားပွဲပေါ်က သစ်သီးနဲ့ လက်ဖက်ရည်ကို လုံးဝ စိတ်မဝင်စားချေ။

"ရောက်ရောက်ချင်း လူသတ်လိုက်တယ်ပေါ့ ဟုတ်လား?"

ဝမ်ချန်း ကျူရန့်ကို တစ်ချက် ကြည့်လိုက်သည်။

ကျူရန့် - "တောင်းပန်ပါတယ်..."

"အခု ဒဏ္ဍာရီအင်ပါယာထဲက အင်အားကြီးတွေ မင်းတို့ရဲ့ တည်ရှိမှုကို သိသွားကြပြီ... ဝမ်ချန်း ငါ့အမိန့်မပါဘဲ ကျွန်းကနေ လုံးဝ မထွက်တော့နဲ့ နားလည်လား?"

"ဟုတ်ကဲ့... ဒါနဲ့ အတုအယောင်ဆေးက..."

"ယူထားလိုက်... အဲဒါမင်းအဖေ မင်းကိုပေးတဲ့ လက်ဆောင်... "

"ဟုတ်... "

ထို့နောက် ကျန်းလီကျစ် တိတ်ဆိတ်သွားသည်။ ခဏကြာတော့ ဝမ်ချန်း ကျန်းလီကျစ်ကို ခေါင်းကြည့်လိုက်ကာ။

"ပါးပါး ကျွန်တော်တို့နဲ့ လာမနေဘူးလား?"

"ငါ့မှာ ရှင်းစရာတွေ ရှိသေးတယ်... ငါတို့လာရင် ဟိုင်ယွိကျွန်းက အားလုံးရဲ့ပစ်မှတ် ဖြစ်သွားလိမ့်မယ်... "

Darkness (Complete)Where stories live. Discover now