🍇EP (5)🍇သရဲကိုရှာမယ်

1.2K 194 4
                                    

Darkness

(5)🍇
[သရဲကိုရှာမယ်]

ကျောက်ချီမှာ သူ့ဗိုက်သူပွတ်လျက်။ သူက အစားကြီးတဲ့သူ မုန့်လောက်နဲ့တော့ သူ့ဗိုက်ကပြည့်မှာ မဟုတ်ဘူး။

"ငါတော့သေတာပဲ ဝမ်ချန်းရေ...."

ဝမ်ချန်းမှာတော့ ငြိမ်လျက်။ သူအသံတိုးတိုးလေးနဲ့ သူဘေးက သရဲကို စမ်းခေါ်ကြည့်လိုက်သည်။

"ဟိုသရဲ...."

'......'

"ခင်ဗျားမရှိတော့ဘူးလား?"

'ကိုယ့်နာမည် ဟိုသရဲမဟုတ်ဘူး'

တကယ်ရှိနေသေးတာပဲ။ သူကတကယ်ကြီး သူ့ခန္ဓာကိုယ်ကို အပိုင်သိမ်းချင်နေတာများလား။ မဖြစ်ဘူး။ အိမ်ရောက်ရင်တော့ သူ့အဖေနဲ့ အမေကို ပြောပြရမယ်။

"ဒါဆို ခင်ဗျားနာမည်က ဘာလဲ?"

'မှန်းကြည့်လေ....မင်းကိုအရင်က ဘယ်သူက ဟန်းချိန်းလက်ဆောင်ပေးမယ်လို့ ပြောခဲ့ဖူးလဲ?'

ဝမ်ချန်း မျက်မှောင်ကျုံ့လိုက်သည်။

"ခင်ဗျားနဲ့ကျွန်တော် တွေ့ဖူးတာလား?"

'ဒါပေါ့ ဒါပေမဲ့ အဲဒီတုန်းက ချန်းအာက အရမ်းငယ်သေးတာလေ....ထားပါတော့ အခုကိုယ့်ကိုခေါ်တာက အကူအညီလိုလို့လား?'

".....အမ် ဟုတ်တယ်... ကျွန်တော် ဗိုက်ဆာတယ် အဲဒါသူတို့ ပြင်ထားတဲ့ မနက်စာကို စားလို့ရလားလို့ မေးမလို့"

ဝမ်ချန်းမှာ အခုမှတွေ့ကြုံဖူးတဲ့ သရဲကိုမေးနေရလို့ နည်းနည်းတော့ ကသိကအောင့် ​ဖြစ်နေသည်။ သို့သော် နောက်ဆုံး သူထုတ်မေးမိသွားသည်။ စကားဆုံးတော့ အေးစက်စက် လေထုထဲက ရယ်သံတိုးတိုးလေးကို ကြားလိုက်ရ၏။

ဝမ်ချန်း သူ့ပါးသူ ပြန်ရိုက်ပစ်လိုက်ချင်သည်။ သူအခု သရဲတစ်ကောင်ကို အကူအညီ တောင်းလိုက်တာလား။ အဲဒီသရဲက သူ့ကိုအပိုင်စီးမယ့် သရဲလေ။

ဝမ်ချန်းစိတ်ညစ်စွာနဲ့ သူ့နှုတ်ခမ်းသူ ကိုက်ထားမိသည်။

'နှုတ်ခမ်းကို ကိုက်မထားနဲ့လေ....'

"လျှောက်ပြောမနေနဲ့ စားလို့ရလား မရဘူးလားပဲ ပြော!!"

'ရတယ် ရတယ်နော်...ရတယ် ဟုတ်ပြီလား '

Darkness (Complete)Where stories live. Discover now